တရုတ်ကိုယ်စားလှယ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာအခြေအနေဆိုင်ရာ တရုတ်ပြည်၏ သဘောထားရပ်တည်ချက်ကို ဖော်ပြ

CRI, April 1, 2021
Size:

မတ်လ ၃၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာပြဿနာရေးရာကို ဆွေးနွေးခဲ့ရာ၌ ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်ကျွင်က မြန်မာအခြေအနေဆိုင်ရာ တရုတ်ပြည်၏သဘောထားရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ကျန်ကျွင်က လက်ရှိ မြန်မာနိုင်ငံတင်းမာသောအခြေအနေအပေါ် တရုတ်ပြည်က အလွန်အရေးထား အာရုံစိုက်နေကြောင်း၊ အကြမ်းဖက်မှုနှင့် သွေးထွက်သံယိုမှုများသည် မည်သည့်ဘက်၏အကျိုးစီးပွားနှင့်ကိုက်ညီခြင်း မရှိကြောင်း၊ မြန်မာဘက်အသီးသီးတို့အနေနှင့် စိတ်အေးအေးထားပြီး အပြုသဘောဆောင်သောသဘောထားနှင့် လုပ်ဆောင်ချက်များဖြင့် လက်ရှိအခြေအနေတင်းမာမှု လျော့ပါးစေအောင် တွန်းအားပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ကျန်ကျွင်က မြန်မာငြိမ်းချမ်းတည်ငြိမ်ရေးသည် နိုင်ငံတကာမိသားစုကြီး၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီပါကြောင်း အလေးထားပြောကြားခဲ့သည်။

ကျန်ကျွင်က မြန်မာနိုင်ငံ၏အိမ်နီးချင်းကောင်းအနေနှင့် တရုတ်ပြည်သည် မြန်မာနိုင်ငံတွင် အေးချမ်းတည်ငြိမ်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေစည်းစနစ် ဆောလျင်စွာ ပုံမှန်ပြန်ဖြစ်လာရန်နှင့် ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်ကို ဆက်လက်တည်ငြိမ်စွာ တွန်းအားပေးနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟုသတင်းအရသိရသည်။