လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်ပြည့်ပြီ

CRI, March 25, 2021
Size:

၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့က တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် ခေါင်းဆောင်တို့သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစနစ် စတင်ရန် ပူးတွဲကြေညာခဲ့ပါသည်။ ၅ နှစ်ကြာအချိန်အတွင်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးသည် ဘက်စုံဖွံ့ဖြိုးရေးအဆင့်ကာလသစ်သို့ တက်လှမ်းလာပြီး နိုင်ငံအသီးသီးအတွက် ရှင်သန်မှုများ ထည့်သွင်းလာကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံ၏ပထဝီအနေအထားအရ ကော်ဖီစေ့စိုက်ပျိုးရန် အလွန်သင့်လျော်သော်လည်း နည်းပညာချို့တဲ့မှုကြောင့် ကော်ဖီလုပ်ငန်း အသင့်အတင့် ခေတ်နောက်ကျသည်။ လွန်ခဲ့သော ၃ နှစ်တုန်းက လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်ရေး သီးသန့်ရန်ပုံငွေဖြင့် “မြန်မာကော်ဖီထုတ်လုပ်မှုတိုးမြှင့်ရေးလုပ်ငန်း”ကို မြန်မာနိုင်ငံ၌ တရားဝင် စတင်ဆောင်ရွက်လာခဲ့သောကြောင့် မြန်မာ့ကော်ဖီထုတ်လုပ်ရေးပမာဏသည် များစွာတိုးလာပါသည်။ ယခု ယင်းလုပ်ငန်းသည် မြန်မာ့ကော်ဖီစိုက်လယ်သမားဦးရေ ၁ သောင်း ၁ ထောင်ကို လေ့ကျင့်ပျိုးထောင်နိုင်ခဲ့ပြီး မြန်မာ့ကော်ဖီစေ့ထုတ်လုပ်ရေးပမာဏ တစ်ဆတိုးလာပါသည်။

ယခု လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး သီးသန့်ရန်ပုံငွေသည် ပြည်သူများ အကျိုးပြုလုပ်ငန်းစဉ် ၅၀၀ ကျော်ကို ထောက်ခံပေးပြီဖြစ်ပါသည်။

ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေးသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး၏ ဦးစားပေးနယ်ပယ်၌ တစ်ခုအပါအဝင်ဖြစ်သည်။ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက အဆိုပါ ၆ နိုင်ငံတို့၏ပူးတွဲကြိုးပမ်းအားထုတ်မှုဖြင့် လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို တစ်ဆင့်တိုးရရှိပြီး ဒေသတွင်း ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေးစံနမူနာကို စိုက်ထူလာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။