လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဖြင့် ငြိမ်းချမ်း တည်ငြိမ် စည်ပင် ဖွံ့ဖြိုးသော ဒေသတွင်းပတ်ဝန်းကျင်ကို လက်တွဲတည်ဆောက်ရန် မျှော်လင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနဆို

CRI, March 25, 2021
Size:

ယခုနှစ်သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က တရုတ်နိုင်ငံသည် မဲခေါင်မြစ် နိုင်ငံငါးနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ငါးနိုင်ငံ ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီပေးနိုင်ရန်၊ ငြိမ်းချမ်း တည်ငြိမ် စည်ပင် ဖွံ့ဖြိုးသော ဒေသတွင်းပတ်ဝန်းကျင်ကို လက်တွဲတည်ဆောက်ရန် မျှော်လင့်ကြောင်း ၂၃ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။