ရှီကျင့်ဖိန်သည် လာအိုနိုင်ငံတော်ဥက္ကဋ္ဌအဖြစ် အရွေးခံရသောသွန်လွန်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

CRI, March 24, 2021
Size:

မတ်လ ၂၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လာအိုနိုင်ငံတော်ဥက္ကဋ္ဌအဖြစ် အရွေးခံရသော လာအိုပြည်သူ့တော်လှန်ရေး ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး သွန်လွန် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

တရုတ်  လာအို နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်သော ချစ်ကြည်ရေး အိမ်နီးချင်းနိုင်ငံ ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေးထားရှိခဲ့သည့် နှစ် ၆၀ အတွင်း နှစ်ပါတီ၊ နှစ်နိုင်ငံဆက်ဆံရေးသည် ခိုင်ခံ့စွာ ချီတက်လာကြောင်း၊ ယခုနှစ်များတွင် တရုတ် လာအို ချစ်ကြည်ရေးအစဉ်အလာသည် ဖွံ့ဖြိုးတိုးတက်မှုသစ်ကို အကောင်အထည်ဖော်ပြီး မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုသည် တိုးတက်မှုသစ်ရရှိကာ လက်တွေ့ကျသောပူးပေါင်း ဆောင်ရွက်မှုသည် ခြေလှမ်းအသစ် တက်လှမ်းလာ၍ နှစ်ဖက်ဆက်ဆံရေးသည် ကံကြမ္မာတူအသိုက်အဝန်းထူထောင်ရေး ခေတ်သစ်သို့ ဝင်ရောက်လာကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံတို့သည် ကိုဗစ်-၁၉ ကို လက်တွဲတိုက်ဖျက်ကြပြီး တရုတ် လာအို ကံကြမ္မာတူအသိုက်အဝန်းစိတ်ဓါတ်ကို ဖော်ပြကာ ချစ်ကြည်ရင်းနှီးရေးသံယောဇဉ်ကို ခိုင်မာနက်ရှိုင်းလာစေကြောင်း ရှီကျင့်ဖိန်က သဝဏ်လွှာတွင် ဖော်ပြပါသည်။