တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း အကြိမ် ၁၀၀ မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ကြပ်မတ်

CRI, March 22, 2021
Size:

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က မဲခေါင်မြစ်တွင် တရုတ်သင်္ဘောသားများ သတ်ဖြတ်ခြင်း ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ်၊ လာအို၊ ထိုင်း၊ မြန်မာနိုင်ငံတို့သည် မဲခေါင်မြစ် လုံခြုံရေးစိန်ခေါ်မှုများကို ရင်ဆိုင်ရန် ပူးတွဲကင်းလှည့်ကြပ်မတ်ရေးစနစ်ကို တည်ထောင်ခဲ့ပါသည်။ လွန်ခဲ့သော ၉ နှစ်အတွင်း ယင်းစနစ်သည် ဖွံ့ဖြိုးတိုးတက်ရေးပတ်ဝန်းကျင်ကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ပေးနိုင်ခဲ့ပါသည်။ ယခုလ ၈ ရက်နေ့က လေးနိုင်ငံတို့သည် အကြိမ် ၁၀၀ မြောက် မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ကြပ်မတ်ရေးကို ပြုလုပ်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။