တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေး လာအိုနိုင်ငံသို့ ရောက်ရှိ

CRI, March 21, 2021
Size:

ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ ၈ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် တရုတ်အစိုးရမှ လာအိုနိုင်ငံအား လှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာအိုနိုင်ငံ ဗီယင်ကျန်း ဝါတေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရောက်ပို့ဆောင်ခဲ့ကြောင်း၊ လာအိုနိုင်ငံသည် တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်သော ကာကွယ်ဆေးကို ပထမဆုံးအဖြစ် လက်ခံရရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ လာအိုကျန်းမာရေးဝန်ကြီးနှင့် လာအိုနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးတို့သည် လေဆိပ်သို့ သွားရောက်ဆီးကြိုခဲ့ကြကြောင်း China Media Group မှ သတင်းအရသိရပါသည်။


လာအိုကျန်းမာရေးဝန်ကြီး Bounkong Syhavong သည် လာအိုအစိုးရကိုယ်စား တရုတ်အစိုးရနှင့်ပြည်သူများမှ လာအို ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးကို အားသွန်ခွန်စိုက် ထောက်ခံမှုကို ကျေးဇူးတင်ရှိပါသည်။ ၎င်းက ယခုအကြိမ် ထောက်ပံ့ကူညီမှုသည် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး၊ “စိတ်ဓါတ်ကောင်း ၄ရပ်” နှင့် လာအို-တရုတ် ကံကြမ္မာအသိုက်အဝန်းတို့ကို ပေါ်လွင်စေသည်ဟု ပြောကြားပါသည်။