တရုတ်ထုတ် ကာကွယ်ဆေးကို ကမ္ဘောဒီးယားလူ ၂.၃ သိန်းကျော် ထိုးနှံခဲ့

CRI, March 21, 2021
Size:

ယခုလ ၁၂ ရက်နေ့ ညပိုင်းအထိ ကမ္ဘောဒီးယားနိုင်ငံတွင် လူ ၂၃၅၇၀၀ သည် တရုတ်ပြည်မှ ထောက်ပံ့ပေးသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံခဲ့ကြပြီဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရမှ နောက်ဆုံးထုတ်စာရင်းအရ သိရသည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အိုဗန်တင်က တရုတ်မိတ်ဆွေမှ ယင်းကဲ့သို့ အဖိုးတန်လက်ဆောင်များ ပံ့ပိုးပေးခြင်းအတွက် အလွန့်အလွန် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။