တရုတ်မှ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကမ္ဘောဒီးယားနှင့် လာအိုသို့ အသီးသီးရောက်ရှိ

Yunnan Gateway, March 21, 2021
Size:

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တရုတ်မှ က‌မ္ဘောဒီးယားနိုင်ငံသို့ ကူညီထောက်ပံ့သော ပထမအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ကမ္ဘာဒီးယား၏ မြို့တော် ဖနွမ်းပင်မြို့ကို ရောက်ရှိပြီး ကမ္ဘာဒီးယားဝန်ကြီးချုပ် Samdech Hun Sen သည် လေဆိပ်သို့ သွား‌ရောက်ပြီး တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့ပါ သည်။


ထို့ပြင်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်မိုးသောက်ချိန်တွင် တရုတ်နိုင်ငံမှ လာအိုနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးသည် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့သို့ ရောက်ရှိခဲ့ပြီး လာအိုကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Bounkong Sihavongနှင့် လာအိုနိုင်ငံ ဆိုင်ရာတရုတ်သံအမတ်ကြီးကျန်းကြိုက်တုံးမှ လေဆိပ်ကို ကာကွယ်ဆေးများ သွားရောက်ကြိုဆိုခဲ့ပါကြောင်း သတင်းအရ သိရပါသည်။