ထိုင်းနိုင်ငံ

lmcchina.org, March 21, 2021
Size:

ထိုင်းနိုင်ငံသည် ဘုရားကျောင်းကန် ပေါကြွယ်ဝပြီး စေတီပုထိုး ထောင်ချီရှိသည့်နိုင်ငံဖြစ်သလို ဘာသာရေးကိုးကွယ်ကိုင်းရှိုင်းမှုကို အထွတ်အမြတ်ထားသည့်အပြုံပန်းဆင်သောနိုင်ငံ ဖြစ်သည်။ သေချာခံစားလေ့လာကြည့်လေ့လာထိုက်သည့်ရောင်သွေးစုံချယ် လှပသည့်နိုင်ငံလည်း ဖြစ်သည်။

မဲခေါင်မြစ်နှင့် ထိုင်းနိုင်ငံသည် အလွန်ရေစက်ရှိပေသည်။   မဲခေါင်မြစ်ဟူသောအမည်နာမသည် အင်္ဂလိပ်စာ Mekong River မှ ပြန်ဆိုခြင်း ဖြစ်ပြီး Mekong River ဟူသောစကားလုံးသည် ထိုင်းဘာသာစကား Mae Nam Khong မှ ဆင်းသက်လာခြင်း ဖြစ်ရာ ခမာလူမျိုးတို့၏မြစ်ရေဟူသော အနက်အဓိပ္ပာယ် ရပေသည်။ နောက်ပိုင်းတွင် မြန်မာဘာသာနှင့် ကမ္ဘောဒီးယားဘာသာ (ခမာဘာသာ)တို့တွင် မဲခေါင်ဟူသောအမည်ကို အမှီပြုခေါ်ဝေါ်ခဲ့ကြသည်။

မဲခေါင်မြစ်သည် ထိုင်းနှင့်လာအိုနယ်စပ်တစ်လျှောက်တွင် ရေစီးသန်ပြီး မြင့်ချည်ိနမ့်ချည် ကျောက်ဆောင်ကျောက်တုံးများ ရှိပေသည်။ Khorat ကုန်းပြင်မြင့်ပေါ်ရှိ Mun မြစ်သည် မဲခေါင်မြစ်အလယ်ပိုင်း၏အဓိကမြစ်လက်တက်တစ်ခု ဖြစ်သည်။

  ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမကြိမ်မြောက် ခေါင်းဆောင်များအစည်းအ‌ဝေးကို ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပခဲ့ရာ ယင်းအစည်းအ‌ဝေးကို ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ် တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်လီခဲ့ချန်နှင့်အတူ ကြီးမှူးကျင်းပခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမကြိမ်မြောက် ခေါင်းဆောင်များအစည်းအ‌ဝေး အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် အလွန်အရေးပါကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် အကျိုးဆောင်ကျဥ်းလာမှာသေချာသည်ဟု ယုံကြည်ကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။


နိုင်ငံတော်အလံ


အခြေအနေအကျဥ်းချုပ်

ထိုင်းနိုင်ငံသည် စတုရန်းကီလိုမီတာ ၅၁.၃ သန်း ကျယ်ဝန်းပြီး အင်ဒိုချိုင်းနားကျွန်းဆွယ် အလယ်တောင်ပိုင်းတွင် တည်ရှိသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ မလေးရှားနိုင်ငံများနှင့် ထိစပ်လျက်ရှိသည်။ အရှေ့တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့နှင့်လည်းကောင်း၊ အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့်လည်းကောင်း နီးကပ်လျက်ရှိသည်။ လူဦးရေ ၆၉ သန်း၊ တိုင်းရင်းသားလူမျိုး ၃၀ ကျော် ရှိရာ ထိုင်းလူမျိုးသည် အဓိကလူမျိုးစု ဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ ၄၀ ရာခိုင်နှုန်း ရှိသည်။ ထိုင်းဘာသာစကားသည် အမျိုးသားဘာသာစကား ဖြစ်သည်။ 

၉၀ ရာခိုင်နှုန်းကျော်သည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး မလေးလူမျိုးများသည် အစ္စလာမ်ဘာသာ၊ လူနည်းစုက ခရစ်ယာန်ဘာသာ၊ ကက်သလစ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ဆစ်ခ်ျဝါဒကိုယုံကြည်ကြသည်။ အဓိကအသုံးပြုငွေကြေးသည် ထိုင်းဘတ်ငွေဖြစ်သည်။


မြို့တော်

မြို့တော် ဘန်ကောက်သည် ၁၅၆၉ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းပြီး အပူပိုင်း မုတ်သုန်ရာသီဥတု ဖြစ်သည်။ တစ်နှစ်တွင် နွေ၊ မိုး၊ ဆောင်းဟူ၍ ရာသီဥတု သုံးမျိုး ရှိပါသည်။ နှစ်စဉ်ပျမ်းမျှအပူချိန်မှာ ၂၄ ~ ၃၀ ဒီဂရီ၊ ပျမ်းမျှမိုးရေချိန်မှာ မီလီမီတာ ၁၅၀၀ ခန့် ရှိပြီး တစ်နှစ်ပတ်လုံး ရာသီဥတု ပူအိုက်ပါသည်။ ဘန်ကောက်တွင် တက္ကသိုလ် ၄၆ ခု ရှိရာ နာမည်ကျော်ကြားသော တက္ကသိုလ်များမှာ  ချူလာလောင်ကွန်းတက္ကသိုလ်နှင့် Mahidol တက္ကသိုလ်တို့ ဖြစ်သည်။ ဘန်ကောက်တွင် နန်းတော်ကြီး၊ ဝပ်ဖိုဘုရားကျောင်း၊ အရုဏ်ဘုရားကျောင်း၊ Vimanmek Mansion နန်းတော် စသော သမိုင်းဝင်ထင်ရှားသည့်အဆောက်အအုံနှင့် ရှုခင်းသာနေရာများ ရှိသည်။ ၎င်းအနီးတစ်ဝိုက်တွင် Sriracha Tiger Zoo၊ Bang Pa-in နန်းတော်၊ pattaya စသည့်ရှုခင်းသာနေရာများ ရှိပါသည်။


နန်းတော်ကြီး


အရုဏ်ဘုရားကျောင်း


စီးပွားရေး

ထိုင်းနိုင်ငံသည် လွတ်လပ်သောစီးပွားရေးမူဝါဒကို ကျင့်သုံးပြီး  ပို့ကုန်ဦးစားပေးစီးပွားရေး ဖြစ်ရာ အမေရိကန်၊ ဂျပန်နှင့် တရုတ်စသည့်ပြည်ပစျေးကွက်ကို အဓိကအားထားပါသည်။ ယင်းသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအစဉ်အလာရှိသည့်နိုင်ငံ ဖြစ်ရာ စိုက်ပျိုးရေးထွက်ကုန်များသည် နိုင်ငံခြား၀င်ငွေ အဓိကရရှိမှုတစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်တွင် သဘာ၀ရော်ဘာအများဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်သည်။


အရေးကြီးသောပွဲတော်နေ့များ

Songkran ပွဲတော် - ခရစ်သက္ကရာဇ် ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ


Loy Krathong ပွဲတော် - ထိုင်းသက္ကရာဇ် ၁၂ လ ၁၅ ရက်နေ့


အမျိုးသားနေ့ - ခရစ်သက္ကရာဇ် ဒီဇင်ဘာလ ၅ ရက်နေ့

Songkran ပွဲတော်


Loy Krathong ပွဲတော်