မြန်မာနိုင်ငံ

lmcchina.org, March 21, 2021
Size:

မြန်မာနိုင်ငံသည် ရာသီဥတု နွေးထွေးပြီး သဘာဝရှုခင်း သာယာလှပသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ယင်းနိုင်ငံတွင် စိမ်းလန်းစိုပြေနေသောသစ်တောများ၊ မြူဆိုင်းသောတောင်တန်းများ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုအပြည့်အဝနှင့် တိုင်းရင်းသားဓလေ့ရိုးရာအငွေ့အသက်များအတိ ရှိပေသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး ဥတုရာသီမရွေး သာယာချမ်းမြေ့ဖွယ် ရှိရာ စွဲမက်ဖွယ် ရှုခင်းများသည်လည်း ရာသီအလိုက် မပြတ်ပြောင်းလဲလေ့ရှိပါသည်။

၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမကြိမ်မြောက် ခေါင်းဆောင်များအစည်းအ‌ဝေးကို ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပခဲ့ရာ ယင်းအစည်းအ‌ဝေးသို့ မြန်မာနိုင်ငံဒုသမ္မတ စိုင်းမောက်ခမ်း တက်‌ရောက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကျော်တင်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဒုတိယကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကျော်တင်က နိုင်ငံတကာနှင့် ဒေသတွင်းစီးပွားရေးတိုးတက်မှု အားနည်းနေသည့်မျက်မှောက်ကာလတွင် LMC ကို အားဖြည့်ဆောင်ရွက်ခြင်းသည် ဒေသခွဲနိုင်ငံများအတွက် အထူးအရေးကြီးကြောင်း၊ LMC တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတော်၏အကျိုးစီးပွားနှင့် ကိုက်ညီပြီး မြန်မာပြည်သူလူထုအတွက်လည်း လက်တွေ့အကျိုးစီးပွားကို ဆောင်ကျဥ်းပေးနိုင်ကြောင်း၊ ယခုအစည်းအဝး အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ထောပနာပြုကြောင်း၊ ပူးတွဲဥက္ကဌနိုင်ငံဖြစ်သည့်  တရုတ်နိုင်ငံ၏ အ‌‌ရေးပါသည့် အကျိုးဆောင်မှုကိုလည်း အားရကျေနပ်မိကြောင်း၊ လန်ချန်း-မဲခေါင် မူဘောင်အောက်တွင် တရုတ်နိင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက် အားဖြည့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။


နိုင်ငံတော်အလံ


အခြေအနေအကျဥ်းချုပ်

မြန်မာနိုင်ငံသည် အင်ဒိုချိုင်းနားကျွန်းဆွယ် အနောက်ပိုင်းတွင် တည်ရှိပြီး အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊  အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်တို့ဖြင့် ထိစပ်လျက်ရှိသည်။ ပင်လယ်ကမ်းရိုးတန်းမှာ ကီလိုမီတာ ၃၂၀၀ ရှည်လျားပါသည်။ ဒေသအများစုတွင် အပူပိုင်းမုတ်သုန်ရာသီဥတု ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှအပူချိန် ၂၇ ဒီဂရီ ရှိသည်။ မန္တလေးဒေသများတွင် အစွန်းရောက်အမြင့်ဆုံးအပူချိန်သည် ဒီဂရီ ၄၀ ကျော်သည်။ ဇန်နဝါရီလသည် တစ်နှစ်ပတ်လုံးတွင် အပူချိန်အနိမ့်ဆုံးလဖြစ်ရာ ပျမ်းမျှအပူချိန် ဒီဂရီ ၂၀ အထက်ရှိပြီး ဧပြီလသည်အပူချိန် ဒီဂရီ ၃၀ ခန့် ရှိရာ အပူဆုံးလဖြစ်သည်။ မိုးရေချိန်သည် တစ်နေရာနှင့်တစ်နေရာ တူညီမှုမရှိပေ။ ခြောက်သွေ့သော ကုန်းတွင်းပိုင်းဒေသများတွင် မီလီမီတာ ၅၀၀-၁၀၀၀၊ တောင်တန်းနှင့်ကမ်းရိုးတန်းစသည့် မိုးများဒေသများတွင် မီလီမီတာ ၃၀၀၀-၅၀၀၀ ရှိသည်။ မြန်မာနိုင်ငံသည် ပြည်နယ် ၇ ပြည်နယ်၊ တိုင်း ၇ တိုင်း၊ ပြည်ထောင်စုနယ်မြေဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။ တိုင်းဒေသကြီးများတွင် မြန်မာများ အဓိကနေထိုင်ကြပြီး ပြည်နယ်များတွင် မျိုးနွယ်စုတိုင်းရင်သားများ အဓိကစုဝေးနေထိုင်ကြသည်။ ပြည်ထောင်စုနယ်မြေသည် မြို့တော်နေပြည်တော် ဖြစ်ပါသည်။


အရေးကြီးသောပွဲတော်နေ့များ

လွတ်လပ်ရေးနေ့ - ဇန်နဝါရီလ ၄ ရက်နေ့


တပ်မတော်နေ့ - မတ်လ ၂၇ ရက်နေ့


သင်္ကြန်ပွဲတော်နေ့ - ဧပြီလလယ်



ခရီးသွားလာရေး

သာယာလှပသည့်ရှုမျှော်ခင်း၊ ရှေးဟောင်းသမိုင်းဝင်နေရာ များစွာတည်ရှိသည်။ အဓိကအားဖြင့် ကမ္ဘာကျော် ရန်ကုန် ရွှေတိဂုံစေတီတော်၊ ယဥ်ကျေးမှုမြို့တော်ဟောင်း မန္တလေး၊ ဘုရားစေတီတော်ပေါင်းသောင်းချီရှိသောပုဂံ၊ အင်းလေးကန်ရေပေါ်ကျေးရွာများ၊ ငပလီပင်လယ်ကမ်းခြေစသည်တို့ ရှိပါသည်။ မြန်မာနိုင်ငံအစိုးရသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်စွမ်းဆောင်လျက်ရှိရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တက်ကြွစွာ ဆွဲဆောင်လျက်ရှိပြီး ခရီးသွားကဏ္ဍအဆောက်အဦများကို တည်ဆောက်ခဲ့ပါသည်။



ပညာရေး

မြန်မာနိုင်ငံအစိုးရသည် ပညာရေးတိုးတက်စေရေးနှင့် စာမတတ်မှုပပျောက်ရေးလုပ်ငန်းကို အလေးထားရာ တစ်မျိုးသားလုံးစာတတ်မြောက်မှုနှုန်းသည် ၉၄.၇၅ ရာခိုင်နှုန်းရှိသည်။ မသင်မနေရ မူလတန်းပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပညာရေးကို မူကြိုပညာရေး၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာရေး ဟူ၍ ခွဲထားသည်။ အခြေခံပညာကျောင်း ၄၀၈၇၆ ကျောင်း၊ တက္ကသိုလ်နှင့်ကောလိပ် ၁၀၈ ကျောင်း၊ ဆရာအတတ်သင်သိပ္ပံကျောင်း ၂၀ ကျောင်း၊ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ၆၃ ကျောင်းနှင့် ဝန်ကြီးဌာနတက္ကသိုလ်နှင့်ကောလိပ် ၂၂ ကျောင်းရှိသည်။ ထင်ရှားသည့်တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ဖြစ်သည်။



ယဥ်ကျေးမှုနှင့်ဘာသာ‌ရေး

မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာယဉ်ကျေးမှု၏လွှမ်းခြုံမှုရှိခြင်းကြောင့် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးစု၏ စာပေ၊ အနုပညာ၊ ဂီတ၊ အက၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာနှင့် ဓလေ့ထုံးစံများသည် ဗုဒ္ဓဘာသာယဉ်ကျေးမှု၏အမှတ်လက္ခဏာရှိပေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် အမျိုးသားယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို စဉ်ဆက်မပြတ်ထိန်းသိမ်းကာကွယ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းခဲ့ကြသည်။ 

ရိုးရာယဉ်ကျေးမှုသည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်သောလွှမ်းခြုံမှုရှိပြီး ရှေ့ဆောင်အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ မြန်မာနိုင်ငံ၏အဓိကယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်အဆောက်အအုံများမှာ အမျိုးသားဇာတ်ရုံ၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်စသည်တို့ ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းအထက်က ဗုဒ္ဓဘာသာ၊ ၅ ရာခိုင်နှုန်းခန့်က ခရစ်ယာန်ဘာသာ၊ ၈ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာ၊ ၀.၅ ရာခိုင်နှုန်းခန့်က ဟိန္ဒူဘာသာနှင့်  ၁.၂၁ ရာခိုင်နှုန်းက animismကို ကိုးကွယ်ယုံကြည်ကြပါသည်။