ဗီယက်နမ်နိုင်ငံ

lmcchina.org, March 21, 2021
Size:

ဗီယက်နမ်နိုင်ငံသည် ပထဝီအနေအထားအရ ရှည်လျားသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အရှေ့ဘက်တွင် တောင်တရုတ်ပင်လယ်နှင့် ဆက်စပ်လျက်ရှိပြီး အနောက်ဘက်တွင် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည်။ အလွန်လှပသောရှုခင်းများ ရှိပါသည်။

မဲခေါင်မြစ်သည် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားစသောနိုင်ငံကို ဖြတ်သန်းစီးဆင်းပြီး ဗီယက်နမ်တောင်ပိုင်းသို့ စီးဝင်လာ၍ တောင်မြစ်ခွဲနှင့် မြောက်မြစ်ခွဲအဖြစ် ခွဲသွားသည်။ မြောက်မြစ်ခွဲကို ရှေ့မြစ်ခွဲလို့လည်း ခေါ်ပြီး တောင်မြစ်ခွဲကို နောက်မြစ်ခွဲလို့လည်း ခေါ်သည်။ ယင်းမြစ်ခွဲနှစ်သွယ်သည် မြက်လက်တက် ၉ သွယ်ဖြင့် ပင်လယ်ထဲသို့ စီးဝင်သွားသည်။ ထို့ကြောင့် ကိုးနဂါးမြစ် ဟူသော နာမည်လည်း ရှိပါသည်။ ဗီယက်နမ်နိုင်ငံအတွင်းရှိမဲခေါင်မြစ်အပိုင်းသည် ကီလိုမီတာ ၂၂၀ ရှိပြီး တစ်နှစ်ရေစီးမှုပမာဏမှာ ကုဗမီတာ ၄၇၅ ဘီလီယံ ရှိပြီး စိုက်ခင်း ဟက်တာပေါင်း ၂.၄ သိန်းအတွက် ရေပေးသွင်းနိုင်သည်။ ဗီယက်နမ်နိုင်ငံရှိမဲခေါင်မြစ်၏ ရေမျက်နှာပြင်သည် မီတာ ၈၀၀-၂၅၀၀ အထိ ကျယ်သည်။ မြစ်ခွဲများမှာ အနက် ၁၀ မီတာ၊ မြစ်လက်တက်များမှာ အနက် ၂ မီတာ အသီးသီးရှိပြီး ရေစီးမှု တည်တည်ငြိမ်ငြိမ်ရှိသောကြောင့် တန်ချိန် ၃၀၀၀ ခန့် လေးသည့်သင်္ဘောများ အဆင်ပြေပြေ သွားလာနိုင်သည်။ မဲခေါင်မြစ် မြစ်ရေထဲပါလာသော သဲမြေများကြေင့် ပင်လယ်ဝင်ပေါက်အနားက ကမ်းလွန်ဒေသသည် တစ်နှစ်ကို မီတာ ၆၀-၈၀ နှုန်းဖြင့် အရှေ့တောင်ဘက်သို့ ဦးတည်၍ တိုးချဲ့များပြားလာလျက်ရှိသည်။

၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့က ပထမကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးသည် တရုတ်ပြည် Hainan ပြည်နယ် Sanya မြို့တွင် ကျင်းပပြီး ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ဖန်ဖင်မင်းသည် ယင်းအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး ကျင်းပရာတွင် တရုတ်ပြည်ဆိုင်ရာဗီယက်နမ်သံအမတ်ကြီးက ပထမကြိမ်မြောက် လန်ချန်း-မဲခေါင် ပူပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်‌ရေးအတွက် အင်မတန်အရေးကြီးသည် ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကို တက်တက်ကြွကြွတွန်းအားပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

နိုင်ငံတော်အလံ

 

သမိုင်းအကျဉ်း

ဗီယက်နမ်နိုင်ငံသည် ခရစ်သက္ကရာဇ် ၉၆၈ ခုနှစ်က လွတ်လပ်သောပဒေသရာဇ်နိုင်ငံ ဖြစ်လာပြီး ၁၈၈၄ ခုနှစ်က ပြင်သစ်နိုင်ငံ၏ကိုလိုနီနိုင်ငံအဖြစ်သို့ ကျဆင့်သွားသည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က လွတ်လပ်ရေး ရရှိပြီး ဗီယက်နမ်ဒီမိုကရေစီသမ္မတနိုင်ငံအဖြစ် ထူထောင်လာသည်။ တစ်နှစ်တည်းတွင်ပင် ပြင်သစ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံကို ပြန်လည်ကျူးကျော်တိုက်ခိုက်လာသဖြင့် ဗီယက်နမ်နိုင်ငံသည် ခုခံရေးတိုက်ပွဲကို ဆင်နွှဲခဲ့သည်။ ၁၉၅၄ ခုနှစ် ဇူလိုင်လတွင် အင်ဒိုချိုင်နားဒေသ ငြိမ်းချမ်းရေးဂျီနီဗာစာချုပ်ကို ချုပ်ဆိုပြီး မြောက်ဗီယက်နမ် လွတ်လပ်ရေး ရရှိပြီး တောင်ဗီယက်နမ်ကတော့ ပြင်သစ်၏အုပ်ချုပ်မှုအောက်တွင် ဆက်လက်ထားရှိသည်(နောက်ပိုင်းတွင် အမေရိကန် ထောက်ခံသည့် တောင်ဗီယက်နမ်အစိုးရ ဆက်လက်အုပ်ချုပ်ခဲ့သည်)။ ၁၉၆၁ ခုနှစ်က ဗီယက်နမ်နိုင်ငံသည် အမေရိကန်ခုခံရေးတိုက်ပွဲ စတင်ဆင်နွှဲခဲ့ပြီး ၁၉၇၃ ခုနှစ်က ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံသည် ပါရီငြမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုပြီး စစ်ပွဲကို အပြီးသတ်၍ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်လာခဲ့သည်။ အမေရိကန်စစ်တပ်များက တောင်ဗီယက်နမ်နိုင်ငံမှ ထွက်ခွာခဲ့သည်။ ၁၉၇၅ ခုနှစ် မေလက တောင်ဗီယက်နမ်သည် လွတ်မြောက်ရေး အပြီးရရှိ၍ ၁၉၇၆ ခုနှစ် ဧပြီလတွင် တစ်နိုင်ငံလုံးပါလီမန်ကို ရွေးချယ်တင်မြှောက်လိုက်သည်။ ဇူလိုင်လတွင် ဗီယက်နမ်သည် တစ်နိုင်ငံလုံးပေါင်းစည်းလာခြင်းကို ကြေညာလိုက်ပြီး နိုင်ငံ၏အမည်ကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအဖြစ် သတ်မှတ်လိုက်သည်။

 


မြို့တော်

မြို့တော်သည် ဟနွိုင်းမြို့  ဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာပေါင်း ၃၃၄၀၊ လူဦးရေ ၈.၀၅ သန်း ရှိသည်(၂၀၁၉ ခုနှစ် စာရင်းအရ)။ နွေရာသီ၏ ပျမ်းမျှအပူချိန်မှာ ၂၈.၉ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး ဆောင်းရာသီ၏ ပျမ်းမျှအပူချိန်မှာ ၁၈.၉ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။

 


အရေးကြီးသောပွဲတော်နေ့များ

ဗီယက်နမ်ကွန်မြူနစ်ပါတီနေ့ - ဖေဖော်ဝါရီလ ၃ ရက်နေ့။ (၁၉၃၀ ပြည့်နှစ်)


ဗီယက်နမ်အမျိုးသားနေ့ - စက်တင်ဘာလ ၂ ရက်နေ့။ (၁၉၄၅ ခုနှစ်)


တောင်ဗီယက်နမ်လွတ်မြောက်ရေးနေ့ - ဧပြီလ ၃၀ ရက်နေ့။ (၁၉၇၅ ခုနှစ်)


ဟိုချီးမင်မွေးနေ့ပွဲတော် - မေလ ၁၉ ရက်နေ့။ (၁၈၉၀ ပြည့်နှစ်)


 

ခရီးသွားလာရေးလုပ်ငန်း

ဗီယက်နမ်နိုင်ငံတွင် ခရီးသွားလည်ပတ်ဖွယ်ရာနေရာ အလွန်များပြားသည်။ ယူနီစကိုသည် ဟလောင်ပင်လယ်အော်စသည့် ရှုခင်းသာနေရာများကို ကမ္ဘာ့သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည်။ ယခုနှစ်များတွင် ခရီးသွားလုပ်ငန်း လျန်မြန်စွာတိုးတက်လာပြီး စီးပွားရေး အကျိုးအမြတ်လည်း များစွာရရှိနေသည်။