လာအိုနိုင်ငံ

lmcchina.org, March 21, 2021
Size:

လာအိနိုင်ငံ၏နာမည်အပြည့်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဖြစ်ပါသည်။ လာအိုနိုင်ငံသည် အရှေ့တောင်အာရှတွင် တစ်ခုတည်းသောကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ လာအိုနိုင်ငံက လူအများကို ဖြူစင်သာယာခြင်း ဟူသောခံစားချက် ပေးလေ့ရှိသည်။ မဲခေါင်မြစ်သည် လာအိုနိုင်ငံတွင် ၇၇၇.၄ ကီလိုမီတာ စီးဆင်းဖြတ်သန်းပြီး မြို့တော်ဗီယင်ကျန်းကိုလည်း ဖြတ်သန်းသည်။ မဲခေါင်မြစ်သည် လာအိုမြန်မာနယ်နိမိတ်မြစ်အဖြစ် ၂၃၄ ကီလိုမီတာ ရှည်ပြီး လာအို-ထိုင်းနယ်နိမိတ်မြစ်အဖြစ် ၉၇၆.၃ ကီလိုမီတာ ရှည်သည်။ လာအိုနိုင်ငံအတွင်းရှိ မဲခေါင်မြစ်အပိုင်းသည် မြစ်လက်တက် ၂၀ ကျော် ရှိပြီး ယင်းတို့ထဲတွင် မြောက်ပိုင်းမြစ်လက်တက်များ၏ မြစ်ဖျားခံဒေသသည် ချွမ်းခွမ်ကုန်းမြင့် ဖြစ်သည်။ ချွမ်းခွမ်ကုန်းမြင့်၏ တောင်ရိုးသည် မဲခေါင်မြစ်နှင့် BeiBu ပင်လယ်ကွေ့ကို ခွဲခြားထားပြီး မြစ်လက်တက် အားလုံးက အရှေ့မြောက်ပိုင်းမှ အနောက်တောင်ပိုင်းသို့ စီးဆင်းသည်။ တောင်ပိုင်း မြစ်လက်တက်များသည် ချန်ရှမ်းတောင်တန်းဒေသမှ မြစ်ဖျားခံပြီး ၎င်း၏တောင်ရိုးသည် မဲခေါင်မြစ်နှင့် တောင်တရုတ်ပင်လယ်ကို ခွဲခြားထားပြီး မြစ်လက်တက်အားလုံး အရှေ့မှ အနောက်သို့ စီးဆင်းလျက်ရှိသည်။

၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့က ပထမကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးသည် တရုတ်ပြည် Hainan ပြည်နယ် Sanya မြို့တွင် ကျင်းပပြီး လာအိုနိုင်ငံ သမ္မတ ထုံစင်က အစည်းအဝေးသို့ ပါဝင်တက်ရောက်၍ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးသည် လန်ချန်း-မဲခေါင်မြစ်အနေနှင့် သက်ဆိုင်ရာ ၆ နိုင်ငံကို အကျိုးဆောင်ပေးသော မင်္ဂလာရှိမြစ်တော်နှင့် ပူးပေါင်းဆောင်ရွက်မှုမြစ်တော်တစ်သွယ် ဖြစ်ခြင်းကို ထင်ဟပြသထားလျက်ရှိကြောင်း၊ လာအိုနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ယင်းအစည်းအဝေးတွင် ရရှိသည့် သဘောတူညီချက်များကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

 

နိုင်ငံတော်အလံ

 

အခြေအနေအကျဉ်း

    လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏အကျယ်အဝန်းသည် စတုရန်းကီလိုမီတာ ၂.၃၆၈ သိန်း ရှိပြီး လူဦးရေ ၇၂.၃ သိန်း(၂၀၁၉ခုနှစ် စာရင်းအရ)နှင့် လူမျိုး အမျိုး ၅၀ ရှိသည်။ လာအိုနိုင်ငံသည် အင်ဒိုချိုင်းနားကျွန်းဆွယ်မြောက်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး မြောက်ဘက်တွင် တရုတ်၊ တောင်ဘက်တွင် ကမ္ဘောဒီးယား၊ အရှေ့ဘက်တွင် ဗီယက်နမ်၊ အနောက်မြောက်ဘက်တွင် မြန်မာ၊ အနောက်တောက်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိပြီး ဆက်စပ်လျက်ရှိသော နယ်နိမိတ်အရှည်မှာ ၅၀၈ ကီလိုမီတာ၊ ၅၃၅ ကီလိုမီတာ၊ ၂၀၆၇ ကီလိုမီတာ၊ ၂၃၆ ကီလိုမီတာနှင့် ၁၈၃၅ ကီလိုမီတာတို့ အသီးသီးဖြစ်ကြသည်။ ရာသီဥတုသည် အပူပိုင်း၊ အပူပိုင်းနှင့်သမပိုင်းဇုန် မုတ်သုန် ရာသီဥတုမျိုး ဖြစ်သည်။ မေလမှ အောက်တိုဘာလအထိ မိုးရာသီ ဖြစ်ပြီး နိုဝင်ဘာလမှ နောက်နှစ်ဧပြီလအထိ ခြောက်သွေ့သည့်ရာသီဥတု ဖြစ်သည်။ တစ်နှစ်လုံး၏ ပျမ်းမျှအပူချိန်မှာ ၂၆ ဒီဂရီစင်တီဂရိတ်ရှိသည်။

 

မြို့တော်

မြို့တော်ဗီယင်ကျန်းမြို့တွင် လူဦးရေ ၉.၄၈ သိန်း(၂၀၁၉ ခုနှစ် စာရင်းအရ) ရှိပြီး တစ်နှစ်တွင် အမြင့်ဆုံးအပူချိန်မှာ ၃၁.၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၂.၆ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။

 


အရေးကြီးသောပွဲတော်နေ့များ

လာအိုပြည်သူ့တပ်မတော်နေ့ - ဇန်နဝါရီလ ၂၀ ရက်နေ့ (၁၉၄၉ ခုနှစ်)


လာအိုပြည်သူ့တော်လှန်ရေးပါတီနေ့ - မတ်လ ၂၂ ရက်နေ့ (၁၉၅၅ ခုနှစ်)


လာအိုနှစ်သစ်ကူးပွဲတော်(ဆုံကန်ပွဲ၊ သင်္ကြန်ပွဲ) - သာသနာတော်နှစ် ၅ လပိုင်း၊ ခရစ်သက္ကရာဇ်ဧပြီလ ၁၃ ရက်နေ့မှ စပြီး သုံးရက်ကြာ ကျင်းပလေ့ရှိသည်။

 

ခရီးသွားလုပ်ငန်း

လာအိုနိုင်ငံ၏ Laung Prebang မြို့နှင့် Pakse ခရိုင် Vat Phou ဘုန်းကြီးကျောင်းသည် ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါရှိသည်။ နာမည်ကြီးသော အခြားယဉ်ကျေးမှုနှင့် ရှုခင်းသာ နေရာများမှာ ဗီယင်ကျန်းမြို့က Pha That Luang ဘုရား၊ ကျောက်စိမ်းဘုရား၊ Pakse ခရိုင်က ခွန်ဘာဖင် ရေတခွန်၊ Laung Prebang မြို့က ကွမ်ရှီရေတခွန်စသည်များ ရှိသည်။ ပြုပြင်ပြောင်းလဲမှုလုပ်ငန်း စတင်ပြီးနောက်ပိုင်း ခရီးသွားလာရေးလုပ်ငန်းသည် လာအိုနိုင်ငံ စီးပွားရေးတိုးတက်စေသည့် လုပ်ငန်းသစ်တစ်ခု ဖြစ်လာသည်။ ယခုနှစ်များတွင် လာအိုနိုင်ငံသည် နိုင်ငံခြားခရီးသွားလုပ်ငန်း ၅၀၀ ကျော်နှင့် စာချုပ်ချုပ်ဆိုပြီး နိုင်ငံခြားခရီးသည်များအတွက် ဝင်ဂိတ် ၁၅ ခု ဖွင့်ပေးလိုက်ပြီး ခရီးသွားလာရေးအခြေခံအဆောက်အဦးများကို တည်ဆောက်ခြင်း၊ ဗီဇာခ လျှော့ချပေးခြင်း၊ ပြည်ဝင် ပြည်ထွက်လွယ်ကူစေခြင်းတို့ဖြင့် ခရီးသွားလုပ်ငန်းကို လျင်မြန်စွာ တိုးတက်လာစေသည်။ ၂၀၁၃ ခုနှစ် မေလက အီးယူကောင်စီသည် လာအိုနိုင်ငံကို တစ်ကမ္ဘာလုံးအကောင်းဆုံးခရီးသွားနေရာအဖြစ် သတ်မှတ်ထားပါသည်။