လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအကြောင်းအရာများ

lmcchina.org, March 17, 2021
Size:

 

 

အကျဥ်းချုပ်မိတ်ဆက်ခြင်း

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (LMC) သည် တရုတ်နိုင်ငံနှင့်  မဲခေါင်မြစ်ဝှမ်းနိုင်ငံငါးနိုင်ငံ အတူတကွ စတင်တည်ဆောက်သော ဒေသတွင်း‌ ဒေသခွဲပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းသစ် ဖြစ်သည်။ ယင်းပလက်ဖောင်း၏ရည်ရွယ်ချက်သည် အိမ်နီးချင်းနိုင်ငံခြောက်နိုင်ငံ၏ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်းကောင်း၊ ဒေသတွင်း‌ ဒေသခွဲ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးမှု ကွာဟချက်ကို လျှော့ချနိုင်ရန်အတွက်လည်းကောင်း၊ အာဆီယံ တစ်ပြေးညီတည်ဆောက်မှုနှင့် ဒေသတွင်း တစ်ပြေးညီ တိုးတက်ရေးကို ထောက်ကူပံ့ပိုးပေးရန်အတွက်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် အကျိုးသစ်ကို ဆောင်ကြဉ်းရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ဘက်ပေါင်းစုံမှ လျန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အ၀န်းတည်ဆောက်ကြမည် ဖြစ်ရာ LMC မှသည် အာရှ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်မှု၏ရွှေရောင်ဂုဏ်အဖြစ်၊ ရပ်၀န်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) တည်ဆောက်ရေး၏ အရေးကြီးသည့်ပလက်ဖောင်းအဖြစ် အတူ ကြိုးပမ်းသွားမည် ဖြစ်ပါသည်။


ပူးပေါင်းဆောင်ရွက်မှုနောက်ခံအကြောင်းအရာ

မဲခေါင်-လန်ချန်းမြစ်၀ှမ်းဒေသသည် အာရှတွင်သာမက တစ်ကမ္ဘာလုံးတွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာအရှိဆုံးဒေသများအနက် တစ်ခုအပါအ၀င် ဖြစ်သည်။ လန်ချန်းနှင့်မဲခေါင်သည် မြစ် တစ်သွယ်တည်းကို အမည်နှစ်မျိုး ခေါ်ဝေါ်ခြင်း ဖြစ်ရာ တရုတ်နိုင်ငံနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရေးကြီးသည့် နိုင်ငံဖြတ်ကျော်မြစ်ကြောင်းတစ်သွယ် ဖြစ်သည်။ အဆိုပါမြစ်သည် တရုတ်နိုင်ငံ ချင်းဟိုင်တိဘက်ကုန်းမြေမြင့်တွင် မြစ်ဖျားခံ၍ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ရုစုဒေသမှ အစပြုရာ တရုတ်နိုင်ငံအတွင်းရှိအပိုင်းကို လန်ချန်းမြစ်ဟုလည်းကောင်း၊ ယူနန်ပြည်နယ် ပြင်ပပြည်ပ‌‌မြစ်ကြေပိုင်းရှိ နိုင်ငံများက မဲခေါင်မြစ်ဟုလည်းကောင်း  ခေါ်‌ဝေါ်ကြသည်။ တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများကို  ဖြတ်သန်းစီးဆင်းလျက်ရှိသည့်မြစ်၏ စုစုပေါင်းအရှည်သည်  ကီလိုမီတာ ၄၈၈၀ ရှိပြီး မြစ်၀ှမ်းဧရိယာ ၇၉.၅  သန်း စတုရန်းကီလိုမီတာ ရှိရာ မြစ်၀ှမ်းဒေသတွင်  မှီတင်းနေထိုင်သည့် လူဦးရေသည် ၃၂၆  သန်း ရှိပါသည်။ မဲခေါင်မြစ်၀ှမ်း‌ ၅  နိုင်ငံ၏ လူဦးရေ စုစုပေါင်း သန်း  ၂၃၀  ရှိပြီး  စုစုပေါင်း  GDP ပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ ကျော်၊ နှစ်စဥ် ပျမ်းမျှတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းနီးပါး ရှိပါသည်။  လန်ချန်း-မဲခေါင် မြစ်၀ှမ်းနိုင်ငံ  ၆  နိုင်ငံသည် တောတောင်‌ရေမြေ ဆက်စပ်နေပြီး  လူမှုယဥ်ကျေးမှုများ ဆက်နွယ်လျက်ရှိရာ အိမ်နီးချင်းအစဥ်အလာ ချစ်ကြည်ရေး နက်ရှိုင်းပြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအကျိုးစီးပွားချင်း နီးကပ်ယှက်နွယ်လျက်ရှိပေသည်။

 

 ဖွံဖြိုးတိုးတက်မှုသမိုင်းဖြစ်စဥ်

၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံက လန်ချန်း-မဲခေါင် ဒေသခွဲ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို စတင် ကမ်းလှမ်းခဲ့ရာ တရုတ်နိုင်ငံက တက်ကြွစွာတုန့်ပြန်ပါ၀င်ခဲ့ပါသည်။  ၂၀၁၄ ခုနှစ်  နို၀င်ဘာလက ကျင်းပသည့်  ၁၇  ကြိမ်မြောက်  တရုတ်-အာဆီယံ  ခေါင်းဆောင်များ အ‌စည်းအ‌ဝေးတွင်   ၀န်ကြီးချုပ် လီခဲ့ချန်သည်  လန်ချန်း-မဲခေါင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးယန္တရားကို အဆိုပြုခဲ့ပြီး မဲခေါင်မြစ်၀ှမ်းနိုင်ငံများက  စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြပါသည်။  လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက်မှု (LMC) ပထမကြိမ်မြောက် ခေါင်းဆောင်များအစည်းအ‌ဝေးကို ၂၀၁၆ ခုနှစ် မတ် ၂၃ ရက်က ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် အောင်မြင်စွာကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် လီခဲ့ချန်သည် ထိုင်းနိုင်ငံ၀န်ကြီးချုပ်ပရာယွတ်၊ ကမ္ဘောဒီးယားနိုင်ငံ၀န်ကြီးချုပ် ဟွန်ဆန်၊ မြန်မာနိုင်ငံဒုသမ္မတ စိုင်းမောက်ခမ်း၊ ဗီယက်နမ်နိုင်ငံ  ဒု၀န်ကြီးချုပ် ဖမ်ဘင်မင်းနှင့်အတူ  ယင်းအစည်းအ‌ဝေးသို့  တက်‌ရောက်ခဲ့ကြပါသည်။

တစ်‌မြစ်တည်းရေ တူစုံသောက်သုံးကြသည့်ကံကြမ္မာချင်း နီးကပ်စွာယှက်နွယ်နေဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာ၀ပြောရေးကို မျက်နှာမူသည့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး LMC ပထမ ကြိမ်မြောက်ခေါင်းဆောင်များအစည်းအဝေး ဆန်းရ  ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ   လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက်မှုယန္တရား တရား၀င်စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။


ရည်ရွယ်ချက်

LMC ၏ရည်ရွယ်ချက်မှာ လန်ချန်း-မဲခေါင် ကမ်းရိုးတန်းတစ်လျှောက်နိုင်ငံများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း၊  နိုင်ငံအသီးသီး ပြည်သူများ၏အကျိုးစီးပွားကို မြှင့်တင်နိုင်စေရန်အတွက်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများ၏ဖွံဖြိုးရေးကွာဟချက်ကို လျှော့ချရန်အတွက်လည်းကောင်း၊ အာဆီယံ အေးအတူ ပူအမျှ အသိုက်အ၀န်း အတူတကွ တည်ဆောက်ရေးကို ထောက်ကူပံ့ပိုးပေးရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ ၂၀၃၀  ပြည့်နှစ် ရေရှည် ဖွံ့ဖြိုးတိုးတက်အစီအစဉ်များကို တွန်းအားပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်‌ရေးကို တွန်းအားပေးရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်း ဖြစ်ပါသည်။  ခေါင်းဆောင်များ  ဦးဆောင်၊ ဘက်ပေါင်းစုံ လွှမ်းခြုံ ဌာနအသီးသီး ပါ၀င်ဆောင်ရွက်မှု မူဘောင်အောက်တွင် အစိုးရ၏အစိုးရဦးဆောင်လမ်းပြခြင်း၊ အဘက်ဘက်ပါ၀င်ဆောက်ရွက်ခြင်း၊ စီမံကိန်းအား အခြေပြုခြင်း ဟူသည့် ပုံစံအတိုင်း ယန္တရားကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယင်းသို့  ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာ၀ပြောရေးကို မျက်နှာမူသည့်  လန်ချန်း-မဲခေါင် မြစ်၀ှမ်း နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အ၀န်းကို တည်ဆောက်ရန်အတွက်လည်း‌ကောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို ဖောင်ဆောင်သည့်ပြယုဂ်အဖြစ် နိုင်ငံတကာ ဆက်ဆံ‌ရေးစံပြပုံစံသစ်ကို တည်ဆောက်ရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်း ဖြစ်ပါသည်။


ပူးပေါင်းဆောင်ရွက်မှုထူးခြားချက်

လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု (LMC) ၏ ထူးခြားချက်မှာ လက်တွေ့ထိရောက်ခြင်း၊ စီမံကိန်းအခြေပြုခြင်း ဖြစ်သည်။ LMCယန္တရားကို ၂၀၁၆ ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ခဲ့ရာ  လျင်မြန်စွာ တိုးတက်မှုများ ရရှိခဲ့ပြီး လန်ချန်း-မဲခေါင်၏တွင်ကျယ်ထိရောက်မှုကို ပြသခဲ့သလို တန်းတူညီမျှ ဆက်ဆံခြင်း၊ စေတနာမှန်ဖြင့် အပြန်အလှန်ကူညီဖေးမခြင်း၊ မိသားစုသဖွယ် ချစ်ကြည်ရင်းနှီးခြင်း ဟူသည့် လန်ချန်း-မဲခေါင်ယဥ်ကျေးမှုကို ပျိုးထောင်ခဲ့ပါသည်။


အဓိကတိုးတက်မှုဖြစ်စဥ်

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည်  LMC ခေါင်းဆောင်များအစည်းအ‌ဝေး၊  နိုင်ငံခြားရေး၀န်ကြီးများအစည်းအ‌ဝေး၊ အဆင့်မြင့်အရာရှိကြီးများအစည်းအ‌ဝေးနှင့် ကဏ္ဍအသီးသီး  လုပ်ငန်းအဖွဲ့အစည်းများအစည်းအဝေး စသည့်တို့အပါအဝင် နယ်ပယ်ကဏ္ဍ အလွှာပေါင်းစုံ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ နိုင်ငံရေးလုံခြုံရေး၊ စီးပွားရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုယဉ်ကျေးမှု ဟူသောမဏ္ဏိုင်  ၃ ခုကို အထောက်အပံ့ပြု၍ အပြန်အလှန် ဆက်သွယ်ချိတ်ဆက်ရေး၊ ကုန်ထုတ်စွမ်းအား၊ နိုင်ငံဖြတ်ကျော်စီးပွားရေး၊ ရေသယံဇာတ၊ လယ်ယာနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့် ကဏ္ဍများကို  ဦးစားပေး ပူးပေါင်းဆောင်ရွက်သွားမည့်  ၃+၅  ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို တည်ဆောက်ခြင်း ဖြစ်သည်။  ယနေ့အချိန်ထိ  လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက်ရေး (LMC) အတွက် နိုင်ငံခေါင်းဆောင်များအစည်းအ‌ဝေး ၁ ကြိမ်၊ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ‌ဝေး ၂  ကြိမ်၊ အဆင့်မြင့်အရာရှိကြီးများအစည်းအ‌ဝေး ၅  ကြိမ်၊ နိုင်ငံခြားရေးလုပ်ငန်းအဖွဲ့အစည်းအ‌ဝေး ၆ ကြိမ် ကျင်းပခဲ့ပြီ ဖြစ်ပြီး အပြန်အလှန်ဆက်သွယ်‌ရေး၊ ကုန်ထုတ်စွမ်းအား၊ နိုင်ငံဖြတ်ကျော်စီးပွားရေး၊‌ ရေသယံဇာတ၊ စိုက်ပျိုး‌ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် ဦးစားပေးကဏ္ဍများတွင် ညွန့်ပေါင်းလုပ်ငန်းအဖွဲ့များ တည်ထောင်ကာ   စတင် လည်ပတ်ဆောင်ရွက်နေပြီ ဖြစ်သည်။ ၆ နိုင်ငံ နိုင်ငံခြားရေး၀န်ကြီးဌာနအားလုံးတွင် LMC အတွင်းရေးမှူးအဖွဲ့ သို့မဟုတ် ညှိနှိုင်းဆောင်ရွက်မှုလုပ်ငန်းဌာနကို တည်ထောင်ခဲ့ပါသည်။ လန်ချန်း-မဲခေါင် ရေသယံဇာတဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ လန်ချန်း-မဲခေါင်မြစ်၀ှမ်းလုံခြုံရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ LMC သဘာဝပတ်၀န်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စင်တာများကို ဆက်တိုက်ဆိုသလို ဖွဲ့စည်းခဲ့ပြီဖြစ်သည်။


“၃+၅ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ဆိုင်ရာအကြောင်းအရာ

၂၀၁၆  ခုနှစ်  မတ်လ   လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက်မှု (LMC) ပထမကြိမ်မြောက်  ခေါင်းဆောင်များအစည်းအဝေး ကျင်းပသည့်အချိန်မှစ၍ လန်ချန်း-မဲခေါင် မြစ်၀ှမ်း  ၆  နိုင်ငံသည် လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက်မှု ယန္တရားအတွက်  မူဘောင် တည်ဆောက်ခဲ့ကြသည်။ ‌  ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စာရွက်စာတမ်းအကြောင်းအရာအချက်အလက်များမှတစ်ဆင့် နိုင်ငံရေးလုံခြုံရေး၊ စီးပွားရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုယဥ်ကျေးမှုကို မဏ္ဍိုင် ၃ ခုကို အတည်ပြု၍ အပြန်အလှန်ဆက်သွယ်‌ရေး၊ ကုန်ထုတ်စွမ်းအား၊ နိုင်ငံဖြတ်ကျော်စီးပွားရေး၊‌ ရေသယံဇာတ၊  စိုက်ပျိုး‌ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့် ဦးစားပေးပူးပေါင်းဆောင်ရွက်ရေး  ဦးတည်ချက် ၅ ခု ကို ချမှတ်ခဲ့ရာ  ပြည်သူလူထု၏ နေထိုင်မှုဘ၀ အတွက် အကျိုးရရှိစေသည့်စီမံကိန်းများကို ဆောင်ရွက်ခဲ့ပြီး ဘက်စုံ ရေရှည်ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်ချနိုင်ခဲ့သည်။ ယင်းယန္တရားကို “+ပူးပေါင်းဆောင်ရွက်ရေးမူဘောင်”ဟု အတိုကောက်ခေါ်ပါသည်။


LMC တရုတ်နိုင်ငံအတွင်းရေးမှူးအဖွဲ့ ၏အကျဥ်းချုပ်မိတ်ဆက်ခြင်း

၂၀၁၇  ခုနှစ် မတ်လ ၁၀ ရက်နေ့က  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်‌မှုဆိုင်ရာ  တရုတ်နိုင်ငံ အတွင်းရေးမှူးအဖွဲ့ကို  ပေကျင်းမြို့တွင်  တည်ထောင်ခဲ့ခြင်း  ဖြစ်ပြီး တရုတ်နိုင်ငံက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရာတွင်   ပါဝင်ဆောင်ရွက်ရန်အတွက်  ညှိနှိုင်းဆောင်ရွက်ပေးသည့် ဌာနတစ်ခု  ဖြစ်သည်။ LMC တရုတ်အတွင်းရေးမှူးအဖွဲ့သည်   နိုင်ငံခြားရေး၀န်ကြီးဌာနအောက်တွင် ရှိပြီး စီမံချက်ရေးဆွဲခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ပြန်ကြားရေး စသည့် တာ၀န် ၄ ရပ် ရှိသည်။ ဆိုလိုသည်မှာ LMC ယန္တရား တည်ဆောက်မှုစီမံချက်ရေးဆွဲခြင်းနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံ၏သက်ဆိုင်ရာဌာနများသို့   ညှိနှိုင်းဆက်သွယ်ပေးခြင်း၊ ဒေသန္တရ အစိုးရနှင့်  မဲခေါင်မြစ်၀ှမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားဖြစ်စေရန် ဆက်သွယ်ညှိနှိုင်းပေးခြင်း၊ LMC သီးခြားရံပုံငွေကို စိစစ်ခွင့်ပြုစီမံခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တစ်ချိန်တည်းတွင်ပင် ပူးပေါင်းဆောင်ရွက်မှုယန္တရား ကျယ်ပြန့်လာစေရန်  ပြန်ကြားရေးလုပ်ငန်းများကို  ကောင်းမွန်အောင်ဆောင်ရွက်ခြင်းတို့  ဖြစ်သည်

အတွင်း‌ရေးမှူးအဖွဲ့  စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ အပြုသဘောဆောင် တက်ကြွသည့်  အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ရာ LMC မူဘောင်အောက်ရှိလှုပ်ရှားမှုနှင့် စီမံကိန်းများစွာကို တွန်းအားပေးဆောင်ရွက်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ LMC တရုတ်အတွင်းရေးမှူးအဖွဲ့လက်အောက်တွင်  ယူနန် ဆက်သွယ်ရေးရုံးကို ယူနန်ပြည်နယ်ပြည်ပရေးရာဌာန၌ ထားရှိခဲ့သည်။ ယင်းဆက်သွယ်ရေးရုံးသည် လန်ချန်း-မဲခေါင်မြစ်၀ှမ်း  ၆  နိုင်ငံ ၏ ပထမဆုံး ဒေသန္တရဆိုင်ရာ   ညှိနှိုင်းဆောင်ရွက်မှုလုပ်ငန်းဌာနတစ်ခု  ဖြစ်ရာ ယူနန်ပြည်နယ်က LMC တွင် ပါ၀င်ဆောင်ရွက်သည့် ညှိနှိုင်းဆောင်ရွက်မှုလုပ်ငန်းဌာနလည်း ဖြစ်ပါသည်။

LMC တရုတ်အတွင်းရေးမှူးအဖွဲ့တွင် LMC တရုတ်အတွင်းရေးမှူးအဖွဲ့  WeChat  Offical Account နှင့် LMC  Offical Website များ ရှိပါသည်။