မြန်မာနိုင်ငံက စွမ်းအင်လုပ်ငန်းကို ရပ်စဲမည်မဟုတ်ဟု စွမ်းအင်ကုမ္ပဏီများဆို

CRI, February 21, 2021
Size:

မကြာခင်က သြစတြေးလျစွမ်းအင်သတင်းသည် ၎င်းနိုင်ငံက Woodside ရေနံကုမ္ပဏီမှ CEO Peter Coleman ၏စကားကို ကိုးကားပြီး မျက်မှောက် မြန်မာနိုင်ငံရေးအခြေအနေ မတည်ငြိမ်သော်လည်း ၎င်းကုမ္ပဏီ၏ မြန်မာနိုင်ငံ၌ စွမ်းအင် စူးစမ်းလေ့လာရေးနှင့် ဖော်ထုတ်ရေးလုပ်ငန်းကို သတ်မှတ်သည့်အချိန်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမေရိကန်က အရေးယူပိတ်ဆို့မှုသည် Woodside ရေနံကုမ္ပဏီမှ မြန်မာနိုင်ငံက လုပ်ငန်း ပုံမှန်လည်ပတ်မှုကို ထိခိုက်မည်မဟုတ်ကြောင်း ဖော်ပြပါသည်။

ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီသည် ယခုလ ၁၉ ရက်နေ့က ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ပြီး မျက်မှောက် မြန်မာနိုင်ငံအခြေအနေကို အာရုံစူးစိုက်ပြီး ကုမ္ပဏီဝန်ထမ်းနှင့် ပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံပေးဖို့ ကြိုးစားအားထုတ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေနှင့် ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးနည်းလမ်းကို ရှာကြံရန် မျှော်လင့်သကဲ့သို့ ငြိမ်းချမ်းပြီး စည်ပင်သာယာသော မြန်မာနိုင်ငံကို ပြန်လည်တွေ့မြင်နိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။