ပြည်သူများအနေနှင့် တိုင်းပြည်တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရန် မြန်မာစစ်ဖက် ပန်ကြား

CRI, February 9, 2021
Size:

မြန်မာစစ်ဖက်သည် ယခုလ ၈ ရက်နေ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ပြည်သူများအနေနှင့် တိုင်းပြည်တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ထိုကြေညာချက်တွင် ပြည်သူများသည် လွတ်လပ်သောပြောဆိုပိုင်ခွင့်နှင့် လုပ်ဆောင်ပိုင်ခွင့်ရှိပြီး၊ မတူခြားနားသော ထင်မြင်ယူဆချက်များရှိနိုင်ကြောင်း၊ သို့သော် တိုင်းပြည်တည်ငြိမ်မှု၊ အများပြည်သူလုံခြုံမှုနှင့် တရားဥပဒေအုပ်ချုပ်မှုအပေါ် ထိခိုက်စေသောလုပ်ရပ်မှန်သမျှကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအလွဲသုံးစားပြုခြင်း၊ သူတစ်ပါးအခွင့်အရေး ကျူးကျော်ထိပါးခြင်းစသည့်လုပ်ရပ်မျိုးဖြစ်ပေါ်လာပြီး၊ ပြည်သူများအနေနှင့် တရားဥပဒေ ဖောက်ဖျက်သည့်လုပ်ရပ်များအား ဟန့်တားကြပါရန် စစ်ဖက်က ပန်ကြားခဲ့သည်ဟု သတင်းအရ သိရသည်။