ရန်ကုန်တက္ကသိုလ်ဆရာ/ဆရာမများသမဂ္ဂ ကြေညာချက်ထုတ်ပြန်

CRI, February 2, 2021
Size:

ရန်ကုန်တက္ကသိုလ်ဆရာ/ဆရာမများသမဂ္ဂ၏ ယခုလ ၂ ရက်နေ့က ထုတ်ပြန်သောကြေညာချက်အရ မြန်မာနိုင်ငံစစ်အစိုးရ လုပ်ဆောင်ခဲ့သောယန္တရားမှန်သမျှကို ရန်ကုန်တက္ကသိုလ်ဆရာ/ဆရာမများသမဂ္ဂမှ လုံးဝ လက်မခံကြောင်းနှင့် မည်သည့်ကိစ္စမဆို ပူးပေါင်းဆောင်ရွက်မှုပြုမည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်ဟု သိရပါသည်။

မြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုကရေစီလမ်းကြောင်း ရှင်သန်ထွန်းကားရန်အတွက် ရဟန်းရှင်လူ၊ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမအားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရန် ရန်ကုန်တက္ကသိုလ်ဆရာ/ဆရာမများသမဂ္ဂက အလေးအနက်ထား တိုက်တွန်းနှိုးဆော်ကြောင်း သိရပါသည်။