ထိုင်းနိုင်ငံသည် ကူးစက်ရောဂါထိန်းချုပ်မှုနှင့် စီးပွားရေးထိန်းသိမ်းမှုကို တစ်ပြိုင်နက် ဆောင်ရွက်နေ

CRI, January 25, 2021
Size:

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ လကုန်ပိုင်းက ထိုင်းနိုင်ငံတွင် ဒုတိယလှိုင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့မှု ဖြစ်ပွားခဲ့သဖြင့် တစ်လအတွင်း ထိုင်းနိုင်ငံစီးပွားရေးနစ်နာဆုံးရှုံးမှု ထိုင်းဘတ်ငွေ ၄၅ ဘီလီယံ ဖြစ်စေနိုင်မည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားပါသည်။

ထိုင်းအစိုးရသည် အရင်တုန်းကလို တစ်ပြည်လုံး၌ ပိတ်ဆို့မှုပြုလုပ်ခြင်းမဟုတ်ဘဲ ကူးစက်မှုအခြေအနေအရ အဆင့်ခွဲပြီး ထိန်းချုပ်ကာကွယ်နေပါသည်။ ကျွမ်းကျင်ပညာရှင်များက ထိုင်းအစိုးရသည် ကူးစက်ရောဂါထိန်းချုပ်မှုနှင့် စီးပွားရေးထိန်းသိမ်းမှုကို တစ်ပြိုင်နက် ဆောင်ရွက်နေသည်ဟု သုံးသပ်ဖော်ပြကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။