မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တရုတ်-မြန်မာ ဆက်ဆံရေး အွန်လိုင်းဆွေးနွေးပွဲကျင်းပ

CRI, January 24, 2021
Size:

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တရုတ်-မြန်မာ ဆက်ဆံရေး အွန်လိုင်းဆွေးနွေးပွဲကျင်းပခဲ့ပြီး တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို မိတ်ဆက်ပေးကာ ခေတ်သစ်တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းအရ သိရပါသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ သံမှူး Mr. Yang Shouzheng နှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးစိန်ဝင်းအောင်၊ မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု စသည့် မြန်မာနိုင်ငံ ပညာရှင်များ၊ မီဒီယာအပါအဝင် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

 မြန်မာနိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားဝန်ကြီး ဝမ်ယိ မကြာခင်ရက်များက မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို ချီးကျုးခဲ့ပြီး မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အစဉ်အလာနှင့် ဆက်ဆံရေးတိုးတက်မှုဖြစ်စဉ်ကို ပြန်ပြောင်းသုံးသပ်၍ ခေတ်သစ်နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအတွက် အကြံပြုချက်များ တင်ပြကြပါသည်။ ထို့အပြင် ၎င်းတို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ပယ်အသီးသီး ကူးလူးဖလှယ်မှုကို ဆက်လက်ထောက်ခံအားပေးပြီး အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။