မြန်မာလူငယ်တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ဖို့ ကြိုးပမ်းအားထုတ်နေတယ်လို့ မြန်မာနိုင်ငံ ကမ္ဘာ့အလှမယ်ဆို

CRI, December 28, 2020
Size:

မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်နေ့က ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ခံရသူ ပေါ်ထွက်လာပြီးတဲ့နောက် အခုချိန်အထိ ကူးစက်ခံရသူစုစုပေါင်း ၁ သိန်း ၁ သောင်းကျော်ပြီဖြစ်ပါတယ်။ ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ မြန်မာလူငယ်တွေဟာ အဓိကအင်အားစုတစ်စု ဖြစ်နေပါပြီ။ ဒီနှစ် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံကမ္ဘာ့အလှမယ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိသူ ဟန်သီဟာ ဒီထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူမက မြန်မာနိုင်ငံရဲ့ နာမည်ကျော်မော်ဒယ်၊ မင်းသမီးဖြစ်ရုံသာမက we media သမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာများစွာမှာ ဖန် ၂ သန်းကျော်ရှိတဲ့ ဟန်သီဟာ CMG သတင်းထောက်နဲ့ တွေ့ဆုံရာမှာ ဒီထူးခြားတဲ့ကာလမှာ မြန်မာလူငယ်တွေဟာ ကိုယ့်နည်းလမ်းနဲ့ ကူညီမှုလိုအပ်တဲ့လူတွေကို အင်အားအဆက်မပြတ်ပေးနေကြောင်း ပြောကြားပါတယ်။ မြန်မာပြည်သူတွေ အထူးသဖြင့် လူငယ်တွေ ကိုဗစ်-၁၉ ကပ်ရောဂါကို စိုးရိမ်ပူပန်မှုထဲက ထွက်လာစေဖို့ ဟန်သီဟာ ဗီဒီယိုတိုလေးတွေအများကြီးရိုက်ကူးပြီး အားလုံးကို အားပေးခဲ့ပါတယ်။

ဟန်သီက မြန်မာနိုင်ငံမှာ သူ့လိုလူငယ်တွေ အများကြီးရှိသေးကြောင်း၊ ဥပမာ သောင်းနဲ့ချီတဲ့ ဆရာဝန်နဲ့ သူနာပြုတွေဟာ quarantine စင်တာနဲ့ ယာယီဆေးရုံကိုသွားပြီး စေတနာ့ဝန်ဆောင်မှု ပေးကြောင်း၊ ကျန်းမာရေးဆိုင်ရာအခြေအနေ သိပ်မဖွံ့ဖြိုးတဲ့မြန်မာနိုင်ငံမှာ ဒီလူငယ်စေတနာ့ဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ တိုက်ဖျက်တဲ့ အဓိကအင်အား ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားပါတယ်။

ယင်းအပြင် ကူးစက်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ကူးစက်ရောဂါ တိုက်ဖျက်ရေး ကူညီထောက်ပံ့မှုပေးခြင်းဟာ ဥစ္စာပစ္စည်းဘက်က ကူညီထောက်ပံ့မှုသာမကဘဲ အရေးအကြီးဆုံးက ခေတ်မီတိုးတက်တဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးအယူအဆတွေကို ပေးပို့ခြင်း ဖြစ်တယ်လို့ ယူဆကြောင်း ဟန်သီက ပြောကြားပါတယ်။