တရုတ်ပြည်မှ ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများသည် မြန်မာတက္ကသိုလ် ကျောင်းသားကျောင်းသူ (၁၀၀)အား ထောက်ပံ့ကူညီ

CRI, December 4, 2020
Size:

တရုတ်ဘဏ်-ရန်ကုန်တက္ကသိုလ် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယခုလ ၃ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေအဖွဲ့က ယင်းစီမံကိန်းကို ဖော်ဆောင်ကျင့်သုံးပြီး တရုတ်ဘဏ် (ဟောင်ကောင်)က ငွေထုတ်ပေးမည် ဖြစ်၍ လာမည့် လေးနှစ် အတွင်း ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၁၀၀) တို့၏ ပညာသင်ယူရေးအတွက် ထောက်ပံ့ကူညီပေးမည် ဖြစ်ပါသည်။

မြန်မာပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် ဗီဒီယိုမိန့်ခွန်းပြောကြားပြီး နှစ်ပေါင်းများစွာအတွင်း တရုတ်ပြည်ဘက်မှ မြန်မာပညာရေးနယ်ပယ်၌ ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချင်ဟိုင်က၊ ယခုနှစ်များတွင် တရုတ်နှင့်မြန်မာတို့သည် ယဉ်ကျေးမှုနှင့် ပညာရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး အောင်ကျိုးရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားပါသည်။