တရုတ်-မြန်မာသံအဆက်အသွယ်ထားရှိခဲ့သည့်နှစ် ၇၀ ပြည့်မြောက်ခြင်း၊ “မြန်မာနိုင်ငံယဉ်ကျေးမှုနေ့”လှုပ်ရှားမှုကို တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် ကျင်းပ

CRI, November 25, 2020
Size:

နိုဝင်ဘာလ ၂၄ ရက်နေ့က တရုတ်-မြန်မာသံအဆက်အသွယ်ထားရှိခဲ့သည့်နှစ် ၇၀ ပြည့်မြောက်ခြင်း၊ “မြန်မာနိုင်ငံယဉ်ကျေးမှုနေ့”လှုပ်ရှားမှုကို ပီကင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးမှာ ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နယ်နိမိတ်နဲ့သမုဒ္ဒရာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးဟောင်း) ဟုန်လျန့်၊ ယဉ်ကျေးမှုနဲ့ခရီးသွားဝန်ကြီးဌာန နိုင်ငံတကာကူးလူးဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ကျန်းဟွာ၊ တရုတ်-မြန်မာစီးပွားရေးယဉ်ကျေးမှုကူးလူးဖလှယ်ရေးစင်တာ အတွင်းရေးမှူးချုပ် ဝူစိန်တို့ဟာ ဒီလှုပ်ရှားမှုကို တက်ရောက်ခဲ့ကြပါတယ်။


တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးမျိုးသန့်ဖေက ဒီနှစ်ဟာ တရုတ်-မြန်မာသံအဆက်အသွယ်ထားရှိခဲ့တဲ့နှစ် ၇၀ ပြည့်နှစ်ဖြစ်တယ်။ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဟာ ရှေးပဝေသဏီခေတ်က စတင်တည်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုဟာ သမိုင်း နှစ်ပေါင်းတစ်ထောင်ကျော်ရှိပြီး “မြန်မာနိုင်ငံယဉ်ကျေးမှုနေ့”လှုပ်ရှားမှုကို ကျင်းပခြင်းဖြင့် မိတ်ဆွေများကို မြန်မာ့ယဉ်ကျေးမှုရဲ့အနုပညာလက်ရာတွေ၊ အကတွေ၊ မြန်မာအစားအစာတွေနဲ့ ရှုခင်းသာယာလှပတဲ့ခရီးသွားနေရာတွေကို မိတ်ဆက်ပေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။


ယဉ်ကျေးမှုနဲ့ခရီးသွားဝန်ကြီးဌာန နိုင်ငံတကာကူးလူးဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ကျန်းဟွာက တရုတ်၊ မြန်မာနှစ်နိုင်ငံ ရေမြေချင်းဆက်စပ်တယ်။ ပြည်သူများအကြား ချစ်ခင်ရင်းနှီးတယ်။ ယဉ်ကျေးမှု နီးစပ်တယ်။ ယဉ်ကျေးမှုကူးလူးဖလှယ်ရေးဟာ တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ တွန်းအားပေးနိုင်တဲ့ အင်အားကြီးတစ်ခုဖြစ်တယ်။ နှစ်နိုင်ငံပြည်သူများရဲ့ပေါက်ဖော်ချစ်ကြည်ရေးဟာလည်း ယဉ်ကျေးမှုကူးလူးဖလှယ်ရေး အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေပါတယ်လို့ ပြောကြားပါတယ်။


တရုတ်ကုမ္ပဏီများက ကိုယ်စားလှယ်များဟာ ဒီအကြိမ်ကူးလူးဖလှယ်ရေးလှုပ်ရှားမှုနဲ့ ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။