RCEP သဘောတူစာချုပ် ချုပ်ဆိုခြင်းသည် ကမ္ဘောဒီးယားအပါအဝင် ဒေသတွင်းနိုင်ငံများအတွက် သမိုင်းဝင် အရေးကြီးအဓိပ္ပါယ်ရှိကြောင်း ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးဌာနဆို

CRI, November 16, 2020
Size:

ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် (RCEP) ကို အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးများ ကျင်းပစဉ်အတောအတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့က တရားဝင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါသည်။ ယင်းသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး၊ ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ အကောင်းဆုံးသော လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို ဖွဲ့စည်းတည်ထောင်သည်ဟု ပြသထားခြင်းဖြစ်သည်။

ယင်းစာချုပ်ချုပ်ဆိုပွဲပြီးဆုံးပြီးနောက် ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးဌာနက ၎င်း၏ လူမှုကွန်ရက်တွင် ဆောင်းပါးတစ်ပုဒ်ထုတ်ပြန်ရာ RCEP သဘောတူစာချုပ်ချုပ်ဆိုခြင်းသည် ကမ္ဘောဒီးယားအပါအဝင် ဒေသတွင်းနိုင်ငံများအတွက် သမိုင်းဝင် အရေးကြီးအဓိပ္ပါယ်ရှိကြောင်း ဖော်ပြပါသည်။