တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် တရားဝင် ချုပ်ဆို

CRI, October 13, 2020
Size:

တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် ယခုလ ၁၂ ရက်နေ့က လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ကို တရားဝင် ချုပ်ဆိုခဲ့ကြောင်း၊ တရုတ်ကုန်သွယ်ရေးဝန်ကြီးနှင့် ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးတို့သည် ၁၂ ရက်နေ့က ပီကင်းနှင့် ဖနွမ်းပင်၌ ဗီဒီယိုမှတစ်ဆင့် ယင်းစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း  တရုတ်သတင်းဌာမှ သတင်းအရသိရပါသည်။

တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လတွင် ပြီးမြောက်ခဲ့ခြင်း ဖြစ်ပါသည်။