ဝမ်ယိသည် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် ဟိုနမ်ဟောင်နှင့် တွေ့ဆုံ

CRI, October 12, 2020
Size:

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်နေသည့် တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖနွမ်းပင်မြို့တော်၌ ကမ္ဘောဒီးယားဒုဝန်ကြီးချုပ် ဟိုနမ်ဟောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဝမ်ယိက တရုတ်ပြည်အနေနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် နိုင်ငံရေးဆိုင်ရာ အပြန်အလှန် ယုံကြည်မှုကို ခိုင်မာစေပြီး အပြန်အလှန် ထောက်ခံအားပေးမှုကို နက်ရှိုင်းစေကာ ရောဂါပြီးခေတ်ကာလတွင် နှစ်ဖက်ဆက်ဆံမှုကို ကောင်းမွန်အဆင်ပြေစွာ ဖွံ့ဖြိုးတိုးတက်ရန် အတူတွန်းအားပေးလိုကြောင်း ဖော်ပြပါသည်။

ဟိုနမ်ဟောင်က ကမ္ဘောဒီးယားနိုင်ငံအနေနှင့် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွင် တရုတ်ပြည်၏ အောင်မြင်မှုများကို တန်ဖိုးထားချီးကျူးကြောင်း၊ ကမ္ဘောဒီးယားအား ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ ပေးပို့ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ ဆေးကုဝန်ထမ်းများ စေလွှတ်ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘောဒီးယား-တရုတ် ကံကြမ္မာအသိုက်အဝန်း အတူတည်ဆောက်ရေးကို လက်တွေ့ဖော်ဆောင်ပြီး နှစ်နိုင်ငံဆက်ဆံမှုကို တစ်ဆင့်တိုး တွန်းအားပေးလိုကြောင်း ဖော်ပြပါသည်။