ပထမအကြိမ် မြန်မာလူငယ် တရုတ်ဘာသာစကားသင် ဆရာ၊ဆရာမများ မွမ်းမံဖိုရမ်ကို အွန်လိုင်းဖြင့် ကျင်းပ

CRI, October 12, 2020
Size:

ယခုလ ၁၀ ရက်နေ့က ပထမအကြိမ် မြန်မာလူငယ် တရုတ်ဘာသာစကားသင် ဆရာ၊ဆရာမများ မွမ်းမံဖိုရမ်ကို အွန်လိုင်းဖြင့် ကျင်းပခဲ့သည်။ ယင်းဖိုရမ်သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသောအချိန်ကာလတွင် မြန်မာလူငယ် တရုတ်ဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်းပေးခြင်းဖြစ်ပြီး  လုပ်ငန်းကူးလူးဖလှယ်သော ပလက်ဖောင်းကိုလည်း ဖန်တီးပေးခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။