တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်း “Open Day” လှုပ်ရှားမှု တရားဝင်စတင်

CRI, August 27, 2020
Size:

သြဂုတ်လ ၂၅ ရက်နေ့က တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်း (CNPC) “Open Day” လှုပ်ရှားမှုကို တရားဝင်စတင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ တရုတ်ရေနံနိုင်ငံခြားရှိလုပ်ငန်းများရဲ့ပထမဦးဆုံး “Open Day” လှုပ်ရှားမှုဖြစ်တယ်၊ “One Belt One Future” ကို ဆောင်ပုဒ်အဖြစ်ထားပြီး အွန်လိုင်းအသွင်ပုံစံနဲ့ မြန်မာရဲ့လှပတဲ့ရှုခင်းသာများကို လည်ပတ်ကြည့်ရှုနိုင်တယ်၊ အွန်လိုင်းကတစ်ဆင့် တရုတ်-မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်း လုပ်ငန်းခွင်နေရာမှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးဖြစ်ရပ်များကို ကိုယ်တွေ့မျက်မြင်နိုင်ပါတယ်၊ အွန်လိုင်းကတစ်ဆင့် CNPC က မဒေးကျွန်းဒေသခံတွေနဲ့ ရောနှောပေါင်းစပ်၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ လက်တွေ့ကျဆောင်ရွက်ပုံများကို ပြသနိုင်ပါတယ်။


CNPC ဒုမန်နေဂျာချုပ် Xu Wenrong က ဒီအကြိမ် “Open Day” လှုပ်ရှားမှုဟာ မျက်မှောက်အခြေအနေမှာ CNPC က ကူးလူးဖလှယ်မှု အားဖြည့်ခြင်း၊ နားလည်မှု တိုးမြှင့်ခြင်းဆိုင်ရာ နောက်ထပ်တစ်ကြိမ် ဆန်းသစ်မှုနဲ့ စမ်းသပ်မှုဖြစ်တယ်၊ အဲဒီလိုအသွင်ပုံစံနဲ့ ပိုများတဲ့နိုင်ငံအသီးသီးက ပြည်သူများ CNPC ကို ဝင်ရောက်ပြီး CNPC ကို နားလည်သိရှိနိုင်ဖို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်လို့ ပြောကြားပါတယ်။


“Open Day” လှုပ်ရှားမှုကို တက်ရောက်လာတဲ့ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းဟာ မြန်မာ-တရုတ်ချစ်ကြည်ရေးဖွံ့ဖြိုးမှုရဲ့တွန်းအား ဖြစ်ပါတယ်၊ ဒီလုပ်ငန်းဟာ မြန်မာနိုင်ငံမှာ လူမှုရေးတာဝန်ဝတ္တရားများကိုထမ်းဆောင်တယ်၊ ဒေသတွင်းမှာ လက်တွေ့ကျဆောင်ရွက်မှုများ ပြုလုပ်တယ်၊ တက်ကြွစွာ အကျိုးပြုစွမ်းဆောင်တယ်၊ ပိုက်လိုင်းတစ်လျှောက်ရှိ မြန်မာပြည်သူ များအတွက် သုခချမ်းမြေ့မှုများ ဆောင်ကြဉ်းပေးတယ်၊ မြန်မာစီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ လိုအပ်ချက်နဲ့ ရောနှောပေါင်းစပ်ကိုက်ညီတယ်လို့ ပြောကြားခဲ့ပါတယ်။


တရုတ်-မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ တရုတ်၊ မြန်မာ၊ အိန္ဒိယနဲ့ တောင်ကိုရီးယားစတဲ့ နိုင်ငံ ၄ နိုင်ငံမှကုမ္ပဏီ ၆ ခုတို့ အတူရင်းနှီးမြှုပ်နှံတဲ့ အပြည်ပြည်ဆိုင်ရာပိုက်လိုင်းဖြစ်တယ်၊ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းက မြန်မာနိုင်ငံမှာ CNPC ရင်းနှီးမြှုပ်နှံတဲ့အကြီးဆုံးလုပ်ငန်း ဖြစ်တယ်၊ ဒီထဲမှာ တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်း၊ တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းနဲ့ မဒေးကျွန်း တွဲဖက်ရေနံစိမ်းဆိပ်ကမ်းလုပ်ငန်းတို့ ပါဝင်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ ရေနံစိမ်းပိုက်လိုင်းက ရေနံစိမ်းတန်ချိန်စုစုပေါင်း ၃၃ သန်း ၁ သိန်း ၂ သောင်းကို ပို့လွှတ်ခဲ့တယ်၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းက သဘာဝဓာတ်ငွေ့ ကုဗမီတာစုစုပေါင်း ၃၃ ဘီလီယံကို ပို့လွှတ်ခဲ့တယ်၊ ရေနံစိမ်းဆိပ်ကမ်း အစပြုရာနေရာဖြစ်တဲ့မဒေးကျွန်းက အတိတ်က ကျွန်းကလေးတစ်ခုကနေ ယနေ့ တန်ချိန် ၃ သိန်းအဆင့် အကြီးစား ခေတ်မီရေနံစိမ်းဆိပ်ကမ်းအဖြစ် ဖွံ့ဖြိုးတိုးတက်လာပါပြီ။ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းဟာ မြန်မာနိုင်ငံမှာ “The Belt and Road” ရဲ့ ရှေ့ဆောင်စံပြလုပ်ငန်းနဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုရဲ့ စံနမူနာဖြစ်လာပါပြီရှင်။