လီခေ့ချန်သည် လာအိုဝန်ကြီးချုပ်သုန်လွန်နှင့် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေး

CRI, July 22, 2020
Size:

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယခုလ ၂၁ ရက်နေ့ ညနေပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ လာအိုဝန်ကြီးချုပ်သုန်လွန်နှင့် ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

လီခေ့ချန်က မိမိတို့ ယခုအကြိမ် ဗီဒီယိုတွေ့ဆုံပွဲကျင်းပသည့်အဓိကရည်ရွယ်ချက်မှာ ကူးလူးဖလှယ်မှုကို အားသစ်လောင်းပေးပြီး ယခုနှစ်အတွင်း ကျင်းပမည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များအစည်းအဝေးကို ပြင်ဆင်ကာ ဒေသတွင်း အပြန်အလှန် ဆက်သွယ်မှုနှင့် ကုန်သွယ်ရေးဆက်သွယ်မှုကို ဆက်တိုက်တိုးချဲ့ရန် ရည်ရွယ်ကြောင်း ပြောကြားပါသည်။