ပေတိုဂြိုလ်တုလမ်းပြစနစ်သည် မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး တိုင်းထွာရေးဆွဲရေးအတွက် အကျိုးပြု

CRI, June 16, 2020
Size:

ယခုနှစ်သည် တရုတ် ပေတိုဂြိုလ်တု လမ်းပြစနစ်တည်ဆောက်ရေး၏ နောက်ဆုံးနှစ် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် နောက်ဆုံးတစ်ခုဖြစ်သော တစ်ကမ္ဘာလုံးnetworking ဂြိုလ်တုကို ရှီးဆန်းဂြိုလ်တုလွှတ်တင်ရေးစင်တာသို့ ပို့ဆောင်ပြီး မကြာမီတွင် လွှတ်တင်မည်ဖြစ်သည်။ ပေတိုလမ်းပြစနစ်တည်ဆောက်ရေးသည် ပေတိုအမှတ်-၁၊ အမှတ်-၂၊ အမှတ်-၃ အဆင့်ကာလ ၃ ခုကို ရှေ့ဆင့်နောက်ဆက် ဖြတ်သန်းခဲ့သည်။ ၂၀၁၂ ခုနှစ်က ပေတိုအမှတ်-၂ စနစ်သည် အာရှပစိဖိတ်ဒေသအတွက် ဝန်ဆောင်မှုပေးခဲ့ပြီးနောက် မြန်မာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်က ရှန်ဟိုင်း ဟွာဆယ်ကုမ္ပဏီကနေ GNSS ခေါ် ဂြိုလ်တုလမ်းပြစနစ် လက်ခံရေးစက် ၅၂၀ ကို မှာယူခဲ့သည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးလူဦးရေ ၇၀ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သောလုပ်ငန်းကို လုပ်ဆောင်နေသည့်အတွက် လယ်ယာမြေနှင့် ရေအားအသုံးပြုမှုဆိုင်ရာ တိုင်းထွာရေးဆွဲခြင်းသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ လယ်ယာစိုက်ပျိုးရေးဌာန တောင်ပိုင်းဒေသ လယ်ယာစိုက်ပျိုးရေးစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီလှက မိမိတို့သည် ၂၀၁၃၊ ၂၀၁၄ ခုနှစ်ကစပြီး ရှန်ဟိုင်းဟွာဆယ်ကုမ္ပဏီက ဂြိုလ်တုလမ်းပြစနစ် စက်ကိရိယာဖြင့် တိုင်းထွာရေးလုပ်ငန်းကို လုပ်ဆောင်ပြီး အဓိကက လယ်ယာမြေ တိုင်းထွာခြင်း၊ မြေပုံရေးဆွဲခြင်း၊ စိုက်ခင်းအချက်အလက်များကို စုဆောင်းခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းစက်ကိရိယာများသည် မိမိတို့ဌာန တစ်ခုလုံးနှင့် တိုင်းထွာရေးစနစ်တစ်ခုလုံးအတွက် အကျိုးသက်ရောက်မှု များစွာရှိကြောင်း ပြောကြားပါသည်။

ဦးညီညီလှက အခု တရုတ်နိုင်ငံသည် ပေတိုအမှတ်-၃ ဘက်စုံ networking လုပ်ငန်းကို လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ အကယ်၍ မိမိတို့၏ စက်ကိရိယာများသည် ပေတိုအမှတ်-၃ နှင့် ချိတ်ဆက်ထားလျှင် ပိုမိုများပြားသောအချက်ပြခြင်းဖြင့် တိုင်းထွာရေးလုပ်ငန်းကို ဆောင်ရွက်ပြီး မှန်ကန်တိကျမှုလည်း ပိုမြင့်လာမည်ဖြစ်ကြောင်း ပြောကြားပါသည်။