နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချလွင်မောင်ဦး။ ။ လျှပ်စစ်ကွန်ရက် အပြန်အလှန်ချိတ်ဆက်၍ အပြန်အလှနားလည်နီးကပ်လာ

Yunnan Gateway, June 9, 2020
Size:

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာစတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှုပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

“နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်တာဟာ ပိုမို ချမ်းမြေ့တဲ့ဘဝ ရရှိစေဖို့ပါ။ ပိုမိုများပြားတဲ့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေကို ပိုပြီးကောင်းမွန်ချမ်းမြေ့တဲ့ဘဝ ရရှိစေဖို့လည်း ဖြစ်ပါတယ်။ ”ဒီနှစ်မှာ ဦးလွင်မောင်ဦးက မြန်မာနိုင်ငံမှာ အလုပ်လုပ်လာတာ ၁၀ နှစ်ပြည့်ပါပြီ။ ဒီရိုးရှင်းတဲ့ ယုံကြည်ချက်နဲ့ သူက နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ အခြေစိုက်လုပ်ကိုင်ခဲ့ပါတယ်။

“ကျွန်တော်ဟာ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ရက်ပေါင်း ၃၀၀ ကျော် နေထိုင်ပါတယ်။ နေ့စဉ်ရဲ့ အလုပ်တွေဟာ အဓိပ္ပာယ်နက်ရှိုင်းတယ်လို့ ခံစားရပါတယ်” လို့ ဦးလွင်မောင်ဦးက ပြောပြပါတယ်။ မြန်မာနိုင်ငံမှာ အခြေစိုက်လုပ်ကိုင်နေတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့သူဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြောင်းအလဲတွေကို လက်တွေ့ခံစားနိုင်ခဲ့ပါတယ်။ “ဒီနှစ်ပိုင်းမှာ မြန်မာနိုင်ငံဟာ တော်တော်များများ ဖွံ့ဖြိုးလာပါတယ်။ ကျွန်တော့်လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာ ရရှိခဲ့ပါတယ်။”

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ဦးလွင်မောင်ဦးဟာ သူ့ဘဝရဲ့ ခရီးစဉ်သစ်ခြေလှမ်းကို စတင်ခဲ့ပါတယ်။ သူက တရုတ်နိုင်ငံတောင်ပိုင်းလျှပ်စစ်ကွန်ရက် ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ (YNIC) ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးကို လာရောက်ပြီး တရုတ်-မြန်မာ လျှပ်စစ်ကွန်ရက် ချိတ်ဆက်ခြင်းစီမံကိန်းမှာ မန်နေဂျာအနေနဲ့ တာဝန်ထမ်းဆောင်ပါတယ်။ “ကျွန်တော်ဟာ ကိုယ်စားလှယ်ရုံးကို မှတ်ပုံတင်ခြင်းနဲ့ စီမံတည်ဆောက်ရေးအလုပ်မှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီတည်ဆောက်ရေးကာလမှာ ကျွန်တော်က စီမံကိန်းရဲ့အနှစ်သာရကို ပိုပြီးသိရှိလာပါတယ်။” ကိုယ်စားလှယ်ရုံးဟာ တရုတ်-မြန်မာနှစ်နိုင်ငံ သက်ဆိုင်ရာဌာနတွေအကြား ဖလှယ်ဆက်ဆံတဲ့ ပေါင်းကူးတံတားဖြစ်ပြီး နှစ်ဦးနှစ်ဖက် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာမှာ တရုတ်-မြန်မာ လျှပ်စစ်ကွန်ရက် ချိတ်ဆက်ခြင်းစီမံကိန်း ဖော်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံပြည်သူပြည်သားတွေကို ပိုပြီး အကျိုးပြုဖို့ တွန်းအားပေးကြောင်း ဦးလွင်မောင်ဦးက ယုံကြည်ပါတယ်။

အစောပိုင်းကာလက ၎င်းစီမံကိန်း စီမံအုပ်ချုပ်မှုအပြင် မြန်မာဘာသာပြန်တစ်ယောက်အနေနဲ့ ဦးလွင်မောင်ဦးဟာ YNIC နဲ့ ဗီယက်နမ်၊ လာအို စတဲ့ နိုင်ငံတွေအကြား နိုင်ငံတော်လျှပ်စစ်ကွန်ရက် အပြန်အလှန်ချိတ်ဆက်မှုအခြေအနေကို ဒေသခံပြည်သူပြည်သားတွေကို မျှဝေပေးပါတယ်။ သူရဲ့ မိတ်ဆက်‌ပေးမှုအပြီး မြန်မာပြည်သူတွေက တရုတ်-မြန်မာ လျှပ်စစ်ကွန်ရက်ချိတ်ဆက်ခြင်းစီမံကိန်းကို စောလျင်စွာ ဖြစ်မြောက်ဖို့နဲ့ သူတို့ရဲ့နေထိုင်မှုဘဝ ပြောင်းလဲစေဖို့ မျှော်လင့်ကြောင်း အသီးသီး ပြောကြပါတယ်။

“မြန်မာနိုင်ငံပြည်သူပြည်သားတို့ရဲ့ မျှော်လင့်ချက်ဟာ ကျွန်တော်တို့ တရုတ်-မြန်မာ လျှပ်စစ် ကွန်ရက်ချိတ်ဆက်ခြင်းစီမံကိန်းကို ကောင်းမွန်အောင် ဖော်ဆောင်ဖို့အတွက် တွန်းအားပါပဲ” လို့ ဦးလွင်မောင်ဦးက ပြောပြပါတယ်။ သူ့ရဲ့ စိတ်ရှည်လက်ရှည်နဲ့ မိတ်ဆက်ရှင်းပြချိန်တိုင်းမှာ မြန်မာပြည်သူပြည်သားတွေဟာ ၎င်းစီမံကိန်းအပေါ် ပိုမိုသိရှိလာတာ၊ ဒီလို ဖလှယ်ရင်း မြန်မာသူငယ်ချင်းမိတ်ဆွေ တော်တော်များများနဲ့ မိတ်ဖွဲ့ဆက်ဆံလာနိုင်တာ၊ စီမံကိန်း တစ်ဖြည်းဖြည်းချင်း တိုးတက်ဆောင်ရွက်လာတာနဲ့အမျှ ချစ်ကြည်ရေး ပိုမိုချစ်ခင်ရင်းနှီးလာတဲ့အကြောင်းတွေကို သူက ဆက်ပြီးပြောပြပါတယ်။“ဒီစီမံကိန်းဟာ အလွန် ကောင်းပါတယ်။ မြန်မာ-တရုတ် နှစ်ဦးနှစ်ဖက်တို့ တက်တက်ကြွကြွ ဖော်ဆောင်သင့်ပါတယ်” လို့ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တရုတ်-မြန်မာ လျှပ်စစ်ကွန်ရက်ချိတ်ဆက်ခြင်းစီမံကိန်းအပေါ် မြင့်မားစွာ ချီးမြှင့်အားပေးခဲ့တာကြောင့် ဦးလွင်မောင်ဦးအတွက် အင်အားများစွာ ဖြစ်စေခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ဦးလွင်မောင်ဦးက တရုတ်-မြန်မာ၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ကွန်ရက် ချိတ်ဆက်ခြင်းစီမံကိန်းကို လက်တွေ့ကွင်းဆင်းလေ့လာဖို့နဲ့ လမ်းတစ်လျှာက်မှာ ညှိနှိုင်းဆွေးနွေးဖို့ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ သူက မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် စတဲ့ဒေသတွေကို ခရီးထွက်ခဲ့ပါတယ်။ “ဒါဟာ ကျွန်တော့်ဘဝရဲ့ အမှတ်ရစေတဲ့ အတွေ့အကြုံပါ။ ၃ လကြာ ကွင်းဆင်းလေ့လာတဲ့အချိန်ကာလမှာ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက ဦးဆောင်တဲ့ အဖွဲ့ဝင်တွေနဲ့ အေးအတူပူအမျှ ချစ်ခင်ရင်းနှီးတဲ့ ချစ်ကြည်ရေးနဲ့ အတူလက်တွဲ လုပ်ဆောင်ကြပါတယ်။”ထိုနှစ်မေလက မြန်မာနိုင်ငံရဲ့မိုးရာသီဟာ အရင်နှစ်ကထက်စောပြီး ရောက်လာပါတယ်။ သူတို့ဟာ ချင်းပြည်နယ်ကုန်းပြင်မြင့်ရဲ့ အလွန်ဆိုးဝါးကြမ်းတမ်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖြတ်သန်းပြီး တစ်ခါတစ်ရံမှာ မြေပြိုကျတာ၊ ရွံ့များကျောက်များအတူရောပြီး စီးကျလာတာ စတဲ့ဘေးအန္တရာယ်တွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဦးလွင်မောင်ဦးက ပြန်လည်တွေးမိပြီး ပြောပြပါတယ်။

“တစ်နေ့မှာတော့ အကယ်၍သာ ကျွန်တော်တို့ တစ်နာရီလောက်နောက်ကျပြီးမှ ထွက်ခွာခဲ့ရင် တောင်ပေါ်တောထဲမှာ တစ်ပတ်ကြာပိတ်မိနေမှာပါ။” မြန်မာဘက်က အဖွဲ့ကိုဦးဆောင်တဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မြောက်ပိုင်းဒေသ စီမံကိန်းအခြေခံအဆောက်အအုံ တည်ဆောက်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသန့်နိုင်ရဲ့ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကြောင့် ကွင်းဆင်းလေ့လာရေးအဖွဲ့ဟာ တောတောင်ထဲက ချောချောမွေ့မွေ့ ထွက်လာနိုင်တဲ့အတွက် အထူးကျေးဇူးတင်ရှိတယ်လို့ ဦးလွင်မောင်ဦးက ပြောပါတယ်။ “ဦးမျိုးသန့်နိုင်ဟာ အထူးဂရုစိုက်တယ်။ သူက ကျွန်တော်တို့အတွက် ဆေးဝါးပစ္စည်းတွေကအစ ကြိုတင်ပြင်ဆင်ထားပါတယ်။ နေ့စဉ်ခရီးမထွက်ခွာမီ သူက ခရီးစဉ်မှာ လိုအပ်တဲ့ အစားအစာအနေနဲ့ မြန်မာကောက်ညှင်းထုပ်ကို ယူသွားနိုင်ဖို့ စီစဉ်ထားပါတယ်။” ဦးလွင်မောင်ဦးကို စိတ်လှုပ်ရှားစေသည်မှာ ကွင်းဆင်းလေ့လာရာတွင် မျော့တွယ်ထားတဲ့အချိန် အတူသွားရောက်တဲ့ မြန်မာနိုင်ငံက အဖွဲ့ဝင်တွေဟာ သူ့ဒဏ်ရာကို ချက်ချင်း ကုပေးခဲ့တာပဲ ဖြစ်ပါတယ်။

“အခု ကျွန်တော့်ဒဏ်ရာဟာ တစ်ခါတစ်ရံ နာနေတုန်းပါပဲ။ ဒါပေမယ့် နာကျင်မှုခံစားရတဲ့အခါ ကျွန်တော်ဟာ မြန်မာညီအစ်ကိုတွေနဲ့ တရုတ်-မြန်မာ လျှပ်စစ်ကွန်ရက်ချိတ်ဆက်ခြင်းစီမံကိန်းအတွက် ညီအစ်ကိုတွေနဲ့ တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့အချိန်ကို အမှတ်ရနေမိပါတယ်။”သူတို့ဟာ စိတ်တူကိုယ်တူ အပြည့်အဝ ပူးပေါင်းဖော်ဆောင်ကြတာကြောင့် တရုတ်-မြန်မာ လျှပ်စစ်ကွန်ရက်ချိတ်ဆက်ခြင်းစီမံကိန်းရဲ့ ပဏမကွင်းဆင်းလေ့လာရေးကို ဖြစ်မြောက်ခဲ့ပြီး မြန်မာနိုင်ငံလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ပဏမကွင်းဆင်းလေ့လာရေးစစ်တမ်းကို အချိန်မီ တင်ပြနိုင်ခဲ့ကာ ယင်းစီမံကိန်းကို မြှင့်တင်ဖော်ဆောင်ဖို့ အရေးကြီးတဲ့ အထောက်အပံ့ပေးနိုင်ခဲ့တယ်လို့ ဦးလွင်မောင်ဦးက ပြောပြပါတယ်။

ဒီနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ရှေ့မှောက်မှာ နှစ်ဦးနှစ်ဖက်တို့ဟာ “တရုတ်-မြန်မာ လျှပ်စစ်ကွန်ရက်ချိတ်ဆက်ခြင်းစီမံကိန်းဖြစ်နိုင်ချေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ”အပေါ် ပူးပေါင်းဆောင်ရွက်ရေးစာတမ်းကို လဲလှယ်ကြပါတယ်။ အဲဒီအချိန်က ဦးလွင်မောင်ဦးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသို့ စေလွှတ်ပြီး သက်ဆိုင်ရာတာဝန်တွေကို ကူညီဆောင်ရွက်စေပါတယ်။ “ဒီမြင်ကွင်းဟာ ကျွန်တော့်နှလုံးသားထဲမှာ စွဲထင်ကျန်ရစ်ခဲ့ပါတယ်။ တရုတ်-မြန်မာ လျှပ်စစ်ကွန်ရက်ချိတ်ဆက်ခြင်းစီမံကိန်းက နောက်ထပ်ခြေလှမ်းကို လှမ်းလိုက်ပြီဖြစ်ပါတယ်။” တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခါသမယမှာ တရုတ်-မြန်မာ အခြေခံအဆောက်အအုံ အပြန်အလှန် ချိတ်ဆက်မှုရဲ့ အရေးပါတဲ့ စီမံကိန်းအနေနဲ့ တရုတ်-မြန်မာ လျှပ်စစ်ကွန်ရက်ချိတ်ဆက်ခြင်းစီမံကိန်းကို အရည်အသွေးမြင့်မားစွာဖြင့် အချိန်မီ ဆောင်ရွက်နိုင်ဖို့၊ တရုတ်-မြန်မာနှစ်နိုင်ငံ အကျိုးတူအောင်မြင်တဲ့၊ အတူတကွ ဖွံ့ဖြိုးတိုးတက်တဲ့ စံပြနမူနာ ဖြစ်လာနိုင်ပါစေလို့ ဦးလွင်မောင်ဦးက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။