တရုတ်-မြန်မာနှစ်နိုင်ငံတို့ဟာ တောတောင်ရေမြေချင်း ဆက်စပ်နေတဲ့အပြင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သမိုင်းအစဉ်အလာ

CRI, June 4, 2020
Size:

တရုတ်-မြန်မာနှစ်နိုင်ငံတို့ဟာ တောတောင်ရေမြေချင်း ဆက်စပ်နေတဲ့အပြင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သမိုင်းအစဉ်အလာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုဆိုရင် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးသည်ပင်လျှင် နှစ် ၇၀ တိုင်ပြီဖြစ်တယ်။ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု အဆက်မပြတ် တိုးတက်လာတာနဲ့အမျှ အေးအတူပူအမျှအသိုက်အဝန်း တည်ထောင်ရင်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်   လေးစားအားပေးထောက်ခံလျက် ရှိပါတယ်။ ယခုလောလောဆယ် ကျင်းပပြီးစီးခဲ့တဲ့ ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် တရုတ်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေအပေါ် မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာမိသားစုကြီးနဲ့အတူ အပြည့်အ၀ အားပေးထောက်ခံကြောင်း ဖော်ပြခဲ့တာက သက်သေပင် ဖြစ်ပါတယ်။ မြန်မာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချင်းဟိုင်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးရာတွင် ယင်းဥပဒေနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုးမူဝါဒကို ထောက်ခံကြောင်းနဲ့ ဟောင်ကောင်ဒေသ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့၊ တည်ငြိမ်အေးချမ်းဖို့နဲ့ လုံခြုံဖို့အတွက် သင့်လျော်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်းဟာ နိုင်ငံတိုင်းအနေနဲ့ အရေးကြီးတဲ့တာဝန်တစ်ရပ် ဖြစ်ပါတယ်။ ယင်းဥပဒေပြုရေး ပြဋ္ဌာန်းခြင်းဖြင့် ဟောင်ကောင် ရေရှည်စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံတို့ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို လက်တွေ့ကျင့်သုံးနေပြီး အခက်အခဲများကို အတူကျော်လွှားကာ နှစ်နိုင်ငံ ပြည်သူအချင်းချင်း အပြန်အလှန် အားပေးထောက်ခံကြရင်း ချစ်ကြည်ရေး အဓွန့်ရှည်နေဦးမှာ ဖြစ်ပါတယ်။