နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချဇော်ထွန်းလင်း။ ။ ခြင်းလုံးသည် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထင်ဟပ်နေ

Yunnan Gateway, June 3, 2020
Size:

“မြန်မာနိုင်ငံက လမ်းမနဲ့လမ်းကြားတွေမှာ လမ်းလျှောက်သွားရင် လမ်းနံဘေးမှာ ပိုက်ကျော်ခြင်း၊ အလှခတ်ခြင်း ကစားကြတဲ့မြင်ကွင်းကို အမြဲတမ်း တွေ့မြင်နိုင်ပါတယ်။ သူတို့က နှစ်ဖွဲ့ကို ခွဲပြီး ယှဉ်ပြိုင်လေ့ရှိပါတယ်။ ကြည့်ရှုတဲ့ပရိသတ်တွေကို များစွာဆွဲဆောင်ပါတယ်။ ပြိုင်ပွဲက အလွန် စည်ကားလှပါတယ်။” ဇော်ထွန်းလင်းဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းထူထောင်ထားတဲ့ တရုတ်လူမျိုး တစ်ယောက်ပါ။ သူက ပိုက်ကျော်ခြင်းကစားတာကို ၂၀၀၈ ခုနှစ်မှာ ပထမဆုံး ကြုံတွေ့တာပါ။

၂၀၀၈ ခုနှစ်က မြန်မာဘာသာစကားကို ချစ်ခင်နှစ်သက် စိတ်ဝင်စားတဲ့ ကိုဇော်ထွန်းလင်းဟာ မြန်မာနိုင်ငံ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကို ပညာတော်သင်လေ့လာခဲ့ပါတယ်။ ကျောင်းပိတ်ရက်တွေမှာ သူက ကျောင်းအပြင်ထွက်ပြီး မြန်မာနိုင်ငံရဲ့ ဒေသဓလေ့ထုံးစံတွေကို လေ့လာရတာကို နှစ်သက်ပါတယ်။ “မြန်မာနိုင်ငံမှာ အပြင်သွားလာရင်း ဆန်းတင့်ဝေဆာလှတဲ့ မြင်ကွင်းတစ်ခုကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ပါတယ်” လို့ ဇော်ထွန်းလင်းက ပြောပြပါတယ်။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ထမင်းစားပြီးချိန်၊ ရုံးဆင်းချိန်၊ အနားယူချိန်တွေမှာ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို ချိန်းဆိုပြီး အတူတူ ပိုက်ကျော်ခြင်းကစားလေ့ရှိကြပါတယ်။ ညီညာပြန့်ပြူးတဲ့ နေရာတစ်ခုမှာ ပိုက်ကွန်တစ်ခုကို အလွယ်တကူထောင်ပြီး လျင်လျင်မြန်မြန် စီစဉ်ကာ ချစ်ကြည်ရေးပြိုင်ပွဲကို ယှဉ်ပြိုင်ကြပါတယ်။ တစ်ဖက်က လူငယ်အဖွဲ့။ နောက်တစ်ဖက်ကတော့ လူလတ်အဖွဲ့ပါ။ ပါဝင်ယှဉ်ပြိုင်သူအားလုံးဟာ စိတ်အားထက်သန်ကြပါတယ်။ ပွဲကြည့်ပရိသတ်တွေကလည်း နှလုံးသွေးများ လှိုက်ဆူလာအောင်ထိ အားပေးကြပါတယ်။

“ကျွန်တော်ဟာ ဒေသခံပြည်သူပြည်သားတွေရဲ့ ခြင်းလုံးအပေါ် ချစ်မြတ်နိုးလာတဲ့အပြင် ခွန်အားနဲ့ ပြည့်လျှံတဲ့ ‘ခြင်းလုံးယဉ်ကျေးမှု’ကိုလည်း ခံစားခဲ့ရပါတယ်။” ပြိုင်ပွဲတွေကို အကြိမ်ကြိမ် အခေါက်ခေါက်အခါခါ ကြည့်ရှုရတဲ့အခါမှာ ဇော်ထွန်းလင်းက ခြင်းလုံးအားကစားကို နှစ်သက်လာပါတယ်။ ၁၉၇၅ ခုနှစ်က မြန်မာနိုင်ငံက ခြင်းလုံးချစ်ကြည်ရေးသံတမန်အဖွဲ့ကို စေလွှတ်ပြီး ပေကျင်းမြို့အလုပ်သမားအားကစားကွင်းမှာ တရုတ်အသင်းနဲ့ ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပကြောင်း သူက လေ့လာသိရှိခဲ့ပါတယ်။ “ဒီပြိုင်ပွဲဟာ တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ခြင်းလုံးချစ်ကြည်ရေးပြိုင်ပွဲပါ။ အဓိပ္ပာယ်နက်ရှိုင်းလှပါတယ်။ နှစ်နိုင်ငံ ခြင်းလုံးအားကစားလှုပ်ရှားမှုဖလှယ်ရေးရဲ့ စာမျက်နှာသစ်ကို လှမ်းခဲ့ပါတယ်။” ပိုက်ကျော်ခြင်းလုံးအားကစားလှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံး ပြည်သူ့လှုပ်ရှားမှုဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူပြည်သားတွေဟာ ပိုက်ကျော်ခြင်းအားကစားလှုပ်ရှားမှုဖလှယ်ရေးဖြင့် အပြန်အလှန် သိရှိနားလည်မှုနဲ့ ချစ်ကြည်ရေးကို မြှင့်တင်နိုင်မယ်ဆိုတာ ဇော်ထွန်းလင်းက ယုံကြည်ပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လက မထင်မှတ်တဲ့ အခွင့်အရေးတစ်ခုမှာ ဇော်ထွန်းလင်းဟာ တရုတ်နိုင်ငံ နိုင်ငံတော်အားကစားဝန်ကြီးဌာန အသေးစားဘောလုံးစီမံအုပ်ချုပ်မှုစင်တာနဲ့ တရုတ်ခြင်းလုံးအသင်းက သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ သိကျွမ်းခဲ့ပါတယ်။ “အဲဒီအချိန်က ၂၀၁၉ ခုနှစ် အာရှတိုက် ပိုက်ကျော်ခြင်းချန်ပီယံပြိုင်ပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပတော့မယ့်သတင်းကို သိခဲ့ရပါတယ်။ ဒီပြိုင်ပွဲဟာ တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အာရှတိုက် ပိုက်ကျော်ခြင်း ချန်ပီယံပြိုင်ပွဲပါ။ ဒါ့ကြောင့် ကျွန်တော်ဟာ မြန်မာနိုင်ငံ နိုင်ငံတော်လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းကို တက်ကြွစွာ ဆက်သွယ်ခဲ့တယ်” လို့ ဇော်ထွန်းလင်းက ပြောပြပါတယ်။ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် မြန်မာနိုင်ငံက ပိုက်ကျော်ခြင်းလုံးအားကစားလက်ရွေးစင်တွေဟာ ဒီပြိုင်ပွဲကို ချောမွေ့စွာ ပါဝင်ဆင်နွှဲခဲ့ပြီး ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ယှဉ်ပြိုင်မှုတွေကို တင်ဆက်ပြသရင်းနဲ့ ငွေဆုနှစ်ခုကို ဆွတ်ခူးရရှိကြတယ်လို့ သူက ဆက်လက် ပြောပြတယ်။

“မြန်မာနိုင်ငံက ပြည်သူပြည်သားတွေ၊ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးက ပိုက်ကျော်ခြင်းအားကစားလက်ရွေးစင်တွေဟာ အလွန်ဝမ်းမြောက်ကြပါတယ်။ ထောင်နဲ့ချီတဲ့ ပြည်သူပြည်သားတွေဟာ မန္တလေးလေဆိပ်မှာ အောင်မြင်မှုတွေနဲ့ ပြန်ရောက်လာတဲ့မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအသင်းကို လှိုက်လှုက်လှဲလှဲ ကြိုဆိုကြပါတယ်။” ဒီမြင်ကွင်းဟာ ဇော်ထွန်းလင်းကို အားရကျေနပ်စေတဲ့အပြင် သူကို တရုတ်-မြန်မာ ခြင်းလုံးချစ်ကြည်ရင်းနှီးတဲ့ဖလှယ်ရေးကို မြှင့်တင်တဲ့ ပျော်ရွှင်မှုကို ခံစားရစေပါတယ်။ ဇော်ထွန်းလင်းကို အထူးအံ့အားသင့်စေတာဟာ ဒီပြိုင်ပွဲအပြီး မန္တလေးတိုင်းဒေသကြီးအစိုးရက သူကို ဆက်သွယ်ပြီး မန္တလေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအားကစားကော်မတီရဲ့ ပထမဆုံး ဥက္ကဋ္ဌ အဖြစ် (၅) နှစ်သက်တမ်းရှိ အထူးခန့်အပ်လွှာကို ပေးအပ်ပါတယ်။ “မန္တလေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ ပိုက်ကျော်ခြင်းတိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံတော်ကိုယ်စားပြုလက်ရွေးစင် များပြားလှပါတယ်။ မြန်မာနိုင်ငံ တက္ကသိုလ်က ဘွဲ့ရ တရုတ်ကျောင်းသားအနေနဲ့ ကျွန်တော်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံ ခြင်းလုံးအားကစားဖလှယ်ရေးကို ဆက်ပြီး ကောင်းမွန်အောင် ဖော်ဆောင်ချင်ပါတယ်” လို့ ဇော်ထွန်းလင်းက ပြောပြပါတယ်။

လက်ရှိအချိန်မှာ ဇော်ထွန်းလင်းက တရုတ်-မြန်မာ ပိုက်ကျော်ခြင်းချစ်ကြည်ရေးပြိုင်ပွဲ (မန္တလေး)၊ ထိုင်းနိုင်ငံဘုရင့်ဖလား ပိုက်ကျော်ခြင်းချန်ပီယံပြိုင်ပွဲ စတဲ့ခြင်းလုံးချစ်ကြည်ရေးပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ “ပြိုင်ပွဲတိုင်းဟာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးတဲ့ဖလှယ်ရေးမှာ လှပတဲ့ ရှုခင်းအလှတရားတစ်ခု ဖြစ်ပါတယ်။ ”ဒီပြိုင်ပွဲတွေမှာ တရုတ်-မြန်မာနှစ်နိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့ဝင်တွေဟာ ရင်းနှီးတဲ့ဖလှယ်ရေးဖြင့် နက်ရှိုင်းတဲ့ချစ်ကြည်ရေး ရရှိပြီး ပြိုင်ပွဲမှာ ထူးချွန်တဲ့ပိုက်ကျော်ခြင်းအတတ်ပညာကို ပြသကြောင်း၊ ပြိုင်ပွဲအပြီးမှာ နှစ်ဦးနှစ်ဖက်လက်ရွေးစင်တွေဟာ အတွေ့အကြုံတွေ ဖလှယ်ရင်းနဲ့ အတတ်ပညာကို ယှဉ်ပြိုင်ကြကြောင်း ဇော်ထွန်းလင်းက ပြောပြပါတယ်။

“ခြင်းလုံးဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထင်ဟပ်နေပါတယ်။ နှစ်နိုင်ငံပြည်သူပြည်သားတွေဟာ ပိုက်ကျော်ခြင်းကို အတူကစားကြတယ်။ ကစားရင်းနဲ့ နှစ်ဦးနှစ်ဖက်တို့ ပိုမိုသိရှိကျွမ်းဝင်လာပြီး ချစ်ကြည်ရေးလည်း ပိုမိုနက်ရှိုင်းလာပါတယ်။ ခြင်းလုံးအားကစားလှုပ်ရှားမှု ဖလှယ်ရေးကတစ်ဆင့် တရုတ်-မြန်မာပြည်သူပြည်သားတို့ နှလုံးသားချင်း ပိုမိုနီးစပ်လာစေဖို့ ဖော်ဆောင်ကြပါစို့။” တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခါသမယမှာ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး တရုတ်-မြန်မာ ပိုက်ကျော်ခြင်းချစ်ကြည်ရေးပြိုင်ပွဲတွေကို ပိုပြီး ကျင်းပနိုင်ဖို့၊ နှစ်နိုင်ငံအားကစားလှုပ်ရှားမှုနဲ့ ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ဖို့ကို ဇော်ထွန်းလင်းက မျှော်လင့်လျက်ရှိနေပါတယ်။