တရုတ်၊မြန်မာ ကုမ္ပဏီဌာန ၃ ခုသည် မြန်မာတပ်မတော်အား COVID-19 testing kits များကို ပူးတွဲ လှူဒါန်းပေး

CRI, June 1, 2020
Size:

 

မကြာမီက တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှ ကုမ္ပဏီဌာန ၃ ခုတို့သည်  မြန်မာနိုင်ငံ၏ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် နေပြည်တော်၌ မြန်မာတပ်မတော်အား COVID-19 testing kits များကို လှူဒါန်းပေးခဲ့ပါသည်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း အတွင်းရေးမှူးချုပ်၊ မြန်မာသမ္မတဟောင်း၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးနယ်ပယ်တွင် ထင်ရှားသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ ယင်းသည် တရုတ်အစိုးရ၊ တပ်မတော်နှင့် အလွှာပေါင်းစုံတို့၏ အကူအညီများနှင့် ခွဲမရကြောင်း၊ တရုတ်ပြည်၏ အကူအညီသည် အချိန်မီ ဖြစ်ပြီး တန်ဖိုးရှိကြောင်း၊ ကူးစက်ရောဂါဖြစ်ပွားခါစ မြန်မာနိုင်ငံသည် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံ၊ နည်းပညာ မရှိကြောင်း၊ ယင်းအချိန်တွင် တရုတ်တပ်မတော်သည် မြန်မာနိုင်ငံအား အကူအညီပေးပြီး COVID-19 ရောဂါတိုင်းတာစစ်ဆေးရေး စမ်းသပ်ခန်း တည်ဆောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာ ဆေးဝန်ထမ်းများသည် COVID-19 ကူးစက်ရောဂါ ကုသကာကွယ်ရေးဆိုင်ရာပညာများ ရရှိခဲ့ကြောင်း၊ မျက်မှောက် COVID-19 ကူးစက်ရောဂါ အခြေအနေတွင် နိုင်ငံတကာမိသားစုကြီးသည် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှသာ ကူးစက်ရောဂါကို တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။