ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံအား Nucleic acid ဓာတ်ခွဲစစ်ဆေးရေးစခန်းကူညီတည်ဆောက်ရန်ထွက်ခွာ

Yunnan Gateway, May 25, 2020
Size:

မေလ ၂၂ ရင်နေ့မှာ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအစိုးရမှ ဖိတ်ကြားချက်အရ၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်အရ ယူနန်ပြည်နယ်မှ စေလွှတ်ထားသော မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွက် Nucleic acid ဓာတ်ခွဲစစ်ဆေးရေးစခန်း ကူညီတည်ဆောက်ရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ထွက်သွားပါကြောင်း သတင်းအရ သိရပါသည်။ အဖွဲ့သည် အဖွဲ့ဝင် ၆ ဦးရှိပြီး ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံး၊ ယူနန်ပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၊ ယူနန်ပြည်နယ် ပြည်သူ့ဆေးရုံအမှတ် (၂) မှ ကျွမ်းကျင်သူပညာရှင်းနှင့် အလုပ်ဝန်ထမ်းပါဝင်ပါသည်။ ဤတစ်ကြိမ်ခရီးစဉ်မှာ အလုပ်အဖွဲ့သည် တရုတ်ယွမ်ငွေ ၁၈.၈ သိန်း (ဒေါ်လာ ၂.၆၃၃ သိန်း) တန်ဖိုးရှိသော Nucleic acid ဓာတ်ခွဲစစ်ဆေးရေးပစ္စည်းကိရိယာကို ပါရှိ၍ ဒေသအစိုးရအတွက် Nucleic acid ဓာတ်ခွဲစစ်ဆေးရေးစခန်းကို ကူညီတည်ဆောက်မည်ဖြစ်ပါကြောင်း သတင်းအရ သိရပါသည်။

မေလ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ၂၀၁ ဦးရှိပြီး အောင်မြင်စွာ ကုသမှုခံယူပြီး ပြန်လည်ကျန်းမာလာသူ ၁၂၂ ဦးရှိကာ ၎င်းတို့အနက် ၁၀၉ ဦးသည် ဆေးရုံဆင်းခွင့်ရရှိပြီး သတ်မှတ်ထားသောနေရာတွင် စောင့်ကြည့်နေသည်။ အတည်ပြုလူများအနက် ယနေ့အထိ သေဆုံးသူ ၆ ဦးရှိကြောင်း သတင်းအရသိရပါသည်။

သတင်းအရင်းအမြစ်။ ။ ယူနန်နေ့စဉ်သတင်းစာ