အထောက်အထားမရှိသောပြစ်တင်မှုသည် ရန်စမှုတစ်မျိုးဖြစ်သည်ဟုမြန်မာပညာရှင်ဆို

CRI, May 18, 2020
Size:

COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ဆုံးဖြတ်ချက်မူဝါဒမှားယွင်းမှုနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအကျိုးသက်ရောက်မှုမရှိခြင်းကို ဖုံးကွယ်ရန် အမေရိကန်အစိုးရနှင့် မီဒီယာ အချို့သည် ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံမှ အစပြုသည်စသည့် မဟုတ်မမှန်သော ပြောဆိုချက်ကို လုပ်ကြံဖန်တီးခဲ့သည်။ ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ ပညာရှင်များက မယုံသင်္ကာဖြစ်ကြပြီး အထောက်အထားမရှိသောပြစ်တင်မှုသည် ယုံတမ်းစကား ဖြစ်သည်ဟု ယူဆပါသည်။

မြန်မာနိုင်ငံ Tampadipa Institute မှ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက အမေရိကန်၏ ဒီလိုမျိုး အထောက်အထားမရှိသည့် ပြစ်တင်မှုသည် ရန်စမှုတစ်မျိုးဖြစ်သလို ရန်ငြိုးထားသော ပြောဆိုချက်လည်း ဖြစ်ကြောင်း၊ အမေရိကန်သည် Fort Detrick ဇီဝသုတေသနစခန်းကို ရုတ်တရက်ပိတ်ပင်ခြင်းသည် သံသယဖြစ်ဖွယ်ရာရှိပြီး အမေရိကန်အနေနှင့် ရှင်းလင်းစွာဖော်ပြလိုကာ အမေရိကန် အဓိကမီဒီယာများကလည်း ယင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသင့်ပြီး အမေရိကန် ဇီဝလက်နက်ဓါတ်ခွဲခန်း တည်ဆောက်ရေးသည် ကမ္ဘာ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားပါသည်။

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင်၊ D-Wave ဂျာနယ်အယ်ဒီတာချုပ် မုံရွာအောင်ရှင်က ကူးစက်ရောဂါဖြစ်ပွားတဲ့နောက်ပိုင်း ပူးပေါင်းဆောင်ရွက်ပြီး ကူးစက်ရောဂါ တိုက်ဖျက်ခြင်းသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကို တရုတ်ဓာတ်ခွဲခန်းမှ လာသည်ဟူသော ပြောဆိုချက်သည် ယုံတမ်းစကားဖြစ်ပြီး အထောက်အထားမရှိသော ပြစ်တင်မှုကိုမိမိအနေနှင့် လုံးဝ သဘောမတူကြောင်း၊ ဥရောပပညာရှင်အချို့က တရုတ်ဓာတ်ခွဲခန်းကို စုံစမ်းစစ်ဆေးမည်ဟု ပြောသော်လည်း အမေရိကန်ကိုယ်တိုင် ဓာတ်ခွဲခန်းကို ပိတ်ပင်ပြီး စစ်ဆေးခွင့်မပေးခြင်းသည် သံသယဖြစ်ဖွယ် အများကြီး ရှိကြောင်း၊ နိုင်ငံတကာမိသားစုကြီးတစ်ခုလုံးအတွက်လည်း လုံခြုံမည် မဟုတ်ကြောင်း၊ အမေရိကန်သည် ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့၏ စည်းမျဉ်းစည်းကမ်းကို လိုက်နာဆောင်ရွက်သင့်ကြောင်း ပြောကြားပါသည်။