တရုတ် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် မြန်မာအစိုးရအား ဆေးဘက်ပစ္စည်းများ လှူဒါန်းပေးအပ်

CRI, May 7, 2020
Size:

မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ထိန်းချုပ်ကုသရေးကို အထောက်အကူပြုသည့်အနေနှင့် မေ ၅ ရက်နေ့က တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနများထံသို့ ဆေးဘက်ပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရသည်။

တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် နှာခေါင်းစည်း ၁၅၂၀၀၀၀၊ ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၃၉၀၀၊ ရောဂါကာကွယ်ရေးမျက်မှန် ၁၀၀၀၀နှင့် ကိုယ်ပူချိန်တိုင်းစက် ၁၀၀၀ စသည့် တန်ဖိုးအားဖြင့် စုစုပေါင်း တရုတ်ယွမ်ငွေ ၅ သန်း ၅ သိန်းကျော်ရှိသည့် ဆေးဘက်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သတင်းအရ သိရပါသည်။