ရှီးရှားကျွန်းစုနှင့် နန်ရှားကျွန်းစုသည် တရုတ်ပိုင်နက်နယ်မြေဖြစ်သဖြင့် ဗီယက်နမ်၏ သက်ဆိုင်ရာခံယူချက် တရားမဝင်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

CRI, April 15, 2020
Size:

ယခုလ ၁၄ ရက်နေ့က ပီကင်းတွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ရှီးရှားကျွန်းစုနှင့် နန်ရှားကျွန်းစုသည် တရုတ်ပိုင်နက်နယ်မြေဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုလ ၉ ရက်နေ့က ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ ၃၀ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂထံသို့ အကြောင်းကြားစာ တင်းသွင်းခဲ့ရာ တောင်ပင်လယ်အပေါ် တရုတ်ပြည်၏ အာဏာပိုင်ခွင့် ခံယူချက်ဆိုင်ရာ အကြောင်းကြားစာ နှစ်စောင်ကို ဆန့်ကျင်ပြီး ဗီယက်နမ်သည် ရှီးရှားကျွန်းစုနှင့် နန်ရှားကျွန်းစုအပေါ် အာဏာပိုင်ခွင့်ရှိသည်ဟု ထပ်မံကြေညာခဲ့ကြောင်း၊ ၎င်းဖော်ပြချက်နှင့်ပတ်သက်၍ ကျောက်လိကျန်းက ရှီးရှားကျွန်းစုနှင့် နန်ရှားကျွန်းစုသည် တရုတ်ပိုင်နက်နယ်မြေဖြစ်ပြီး၊ ဗီယက်နမ်၏ သက်ဆိုင်ရာခံယူချက်သည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့် ကုလသမဂ္ဂ အဏ္ဏဝါ ဥပဒေ ပဋိညာဉ်စာချုပ် အပါအဝင် နိုင်ငံတကာ ဥပေဒစာချုပ်များကို ကျောခိုင်းခြင်း ဖြစ်၍ တရားမဝင်၊ အတည်မဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။