တရုတ်နိုင်ငံ ဆေးပညာရှင်များအဖွဲ့ မန္တလေးမြို့သို့ ရောက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံများ မျှဝေ

CRI, April 14, 2020
Size:

မြန်မာနိုင်ငံ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ကူညီဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိနေသော တရုတ်နိုင်ငံ ဆေးပညာရှင်များအဖွဲ့သည် ဧပြီလ ၁၃ ရက်နေ့တွင် မန္တလေးမြို့သို့ ရောက်ရှိ ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံ ဆေးပညာရှင်များအဖွဲ့သည် သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့်အတူ မန္တလေးမြို့ရှိ ဆေးရုံ၊ ဆေးတက္ကသိုလ်နှင့် ဆေးကုသရေးဌာနများသို့ သွားရောက် ကွင်းဆင်းလေ့လာကြည့်ရှုပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြံပြုချက်များ မျှဝေပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှု တိုက်ဖျက်ရေးကို အကူအညီပေးရန်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဆေးပညာရှင်များအဖွဲ့သည် nucleic acid testing ဓါတ်ခွဲခန်း စက်ပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊ mask နှင့် ရောဂါကာကွယ်ရေးဝတ်စုံ (PPE) တို့အပါအဝင် ရောဂါကာကွယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို တစ်ပါတည်း သယ်ဆောင်လာကာ ဧပြီလ ၈ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ ဝေဘာဂီ ကူးစက်ရောဂါ အထူးကုဆေးရုံကြီး၊ Grand Hantha International Hospital နှင့် မင်္ဂလာဒုံ ကျန်းမာရေးဌာန စသည်တို့ကို သွားရောက်ကွင်းဆင်းလေ့လာ၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်အတူ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွေ့အကြုံများ မျှဝေခဲ့ကြောင်း သတင်းအရ သိရပါသည်။