တရုတ်-လာအို နိုင်ငံတကာရထားလမ်း တရုတ်ပြည်တွင်း ယွိရှီး-မိုဟန် အပိုင်း၏ သံလမ်းခင်းလုပ်ငန်း ဘက်စုံစတင်

CRI, April 8, 2020
Size:

ယခုလ ၇ ရက်နေ့ နံနက်ပိုင်းက Belt and Road အရေးကြီးလုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တရုတ်၊ လာအို နိုင်ငံတကာရထားလမ်း တရုတ်ပြည်တွင်း ယွိရှီး-မိုဟန် အပိုင်း၏ သံလမ်းခင်းလုပ်ငန်းကို ဘက်စုံစတင်လိုက်ကြောင်း၊ ယင်းရထားလမ်းအပိုင်းသည် လာမည့်နှစ် ဧပြီလတွင် လာအိုပြည်တွင်းအပိုင်းနှင့် ဆက်စပ်မည်ဟု ခန့်မှန်းရကြောင်း၊ ယင်းသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်-လာအို ရထားလိုင်း ဘက်စုံခုတ်မောင်းပြေးဆွဲရေးအတွက် အခြေခံအုတ်မြစ်ချပေးမည်ဖြစ်ကြောင်း China Media Group က ဖော်ပြပါသည်။

တရုတ်၊ လာအိုအကြားရှိ ကူမင်း-ဗီယင်ကျန်းရထားလမ်းသည် Belt and Road အဆိုပြုချက် တင်ပြခဲ့သည့်နောက်ပိုင်းတွင် တရုတ်ပြည်က အဓိကရင်းနှီးမြှုပ်နှံ ဆောက်လုပ်သည့်၊ တရုတ်နည်းပညာစံနှုန်းကို အသုံးပြုထားသည့် ပထမဆုံး နိုင်ငံတကာ ရထားလမ်း ဖြစ်သည်ဟု သတင်းအရ သိရသည်။