တရုတ်ပြည်မှ မြန်မာနိုင်ငံအား ထောက်ပံ့မှုပစ္စည်းများ လွှဲပြောင်းပေးအပ်ရေးအခမ်းအနား ကျင်းပ

CRI, March 30, 2020
Size:

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၌ တရုတ်ပြည်မှ မြန်မာအား ထောက်ပံ့မှုပစ္စည်းများ လွှဲပြောင်းပေးအပ်ရေးအခမ်းအနားကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Haiတို့သည် လွှဲပြောင်းပေးအပ်ရေးအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရသိရပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ယခုအကြိမ် ထောက်ပံ့မှုပစ္စည်းများအပါအဝင် လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်ပြည်၏ မြန်မာနိုင်ငံအား ကူညီထောက်ပံ့မှုများကို မြန်မာအစိုးရနှင့် မြန်မာပြည်သူပြည်သားများအနေနှင့် အမြဲကျေးဇူးတင်ပါကြောင်း၊ ယခုအကြိမ် COVID-19 သည် လူသားတစ်ရပ်လုံး၏ပြဿနာဖြစ်ပြီး ယင်းရောဂါကို တိုက်ဖျက်ရန်အတွက် နိုင်ငံအသီးသီးတို့အနေနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုလ ၃၀ ရက်နေ့အထိ တရုတ်အစိုးရသည် testing kits ၊ mask နှင့် PPE အပါအဝင် အမေရိကန်ဒေါ်လာ ၄ သိန်းကျော်ရှိသည့် ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံအား လွှဲပြောင်းပေးအပ်ခဲ့ပြီး တရုတ်အရပ်ဘက်မှလည်း တရုတ်ယွမ်ငွေ ၁ သန်းခန့်နှင့် အမေရိကန်ဒေါ်လာ ၂ သိန်းခန့်ရှိသော ဆေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။